YG Entertainment က လက္ရွိအခ်ိန္ထိ Yang Hyun Suk ရဲ႕လက္ေအာက္မွာတည္ရွိေနတယ္ဆိုတဲ့သတင္းေတြထြက္ေပၚ

Posted on

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းက YG Entertainment ရဲ႕တည္ေထာင္သူျဖစ္တဲ့ Yang Hyun Suk ဟာ သူ႔ရဲ႕ ေျမာက္မ်ားစြာေသာ အရႈပ္ေတာ္ပုံျပႆနာေတြေၾကာင့္ ရဲေတြရဲ႕ေခၚယူစစ္ေဆးေမးျမန္းမႈေတြကိုခံခဲ့ရပါတယ္။ အဲဒီေနာက္မွာတာ့ သူ႔အေနနဲ႔ YG Entertainment မွာ တာဝန္ယူထားတဲ့ရာထူးနဲ႔ လုပ္ငန္းေဆာင္တာေတြကေန အနားယူလိုက္ၿပီျဖစ္ေၾကာင္းကို ေၾကညာခဲ့ေပမယ့္လည္း လတ္တေလာမွာေတာ့ Yang Hyun Suk ဟာ YG Entertainment ကို အၿပီးတိုင္လက္လႊတ္လိုက္ျခင္းမရွိေသးဘူးဆိုတဲ့ သတင္းေတြထြက္ေပၚလွ်က္ရွိေနပါတယ္။

ႏွစ္ခ်ဳပ္စာရင္းတင္ျပခ်က္ေတြအရဆိုရင္ Yang Hyun Suk ဟာ YG Entertainment ရဲ႕ရွယ္ယာေတြထဲက ၁၇.၃၁ ရာခိုင္ႏႈန္းကိုကိုင္ေဆာင္ထားတဲ့အတြက္ ဒီေန႔အခ်ိန္ထိ ရွယ္ယာအမ်ားဆုံးထည့္ဝင္ထားသူအျဖစ္ရွိေနဆဲျဖစ္ကာ ဒီလိုမ်ိဳ ရွယ္ယာအမ်ားဆုံးကိုင္ေဆာင္ထားတယ္ဆိုတဲ့ အဓိပၸာယ္ဟာဆိုရင္ ကုမၸဏီအတြက္ဆုံးျဖတ္ခ်က္ေတြမွာ သူ႔အေနနဲ႔ဝင္ေရာက္ျခယ္လွယ္ပိုင္ခြင့္ရွိေသးတယ္ဆိုတာပါပဲ။ ဒါေၾကာင့္ ရာထူးကေန ႏႈတ္ထြက္တယ္ဆိုတာက သိပ္ၿပီးအထူးတလည္ေျပာင္းလဲသြားတာမဟုတ္ဘူးလို႔ဆိုကာ ေဝဖန္မႈေတြျမင့္တက္လွ်က္ရွိေနပါတယ္။

YG Entertainment ဟာ မႏွစ္တုန္းက ရွယ္ယာေစ်းေတြထိုးက်ကာ ႐ိုက္ခတ္မႈေတြအမ်ားအျပားခံခဲ့ရေသာ္လည္း ဒီႏွစ္မွာ အျမတ္ေငြမ်ားစြာရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားတာေၾကာင့္ အြန္လိုင္းအသုံးျပဳသူပရိသတ္ေတြကေတာ့ Yang Hyun Suk အေနနဲ႔ ဒီလိုမ်ိဳးျပႆနာေပါင္းမ်ားစြာနဲ႔ရင္ဆိုင္ေနရခ်ိန္မွာေတာင္ အျမတ္ေငြေတြရရွိေနတဲ့အတြက္ စိတ္ေက်နပ္မႈမရွိၾကပါဘူး။ YG ရဲ႕ဝန္ထမ္းတစ္ေယာက္ျဖစ္သူကလည္း Yang Hyun Suk ဟာ လက္ရွိအခ်ိန္မွာ YG ရဲ႕ရွယ္ယာေတြကိုကိုင္ေဆာင္ထားဆဲျဖစ္ကာ ကုမၸဏီဟာဆိုရင္လည္း Yang Hyun Suk နဲ႔ သူ႔ရဲ႕ညီ CEO ေဟာင္းျဖစ္သူ Yang Min Suk ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာရွိဆဲျဖစ္တယ္လို႔ ထပ္ေလာင္းအသိေပးခဲ့ပါတယ္။

ဒါေၾကာင့္ လတ္တေလာ အြန္လိုင္းအသုံးျပဳသူကိုရီးယားလူမ်ိဳးအၾကားမွာ Yang Hyun Suk ကို အျပစ္တင္ရႈံ႕ခ်မႈေတြဟာ အရင္ကထက္ပိုမိုျမင့္တက္လွ်က္ရွိေနတာကို ေတြ႕ရပါတယ္။ YG ရဲ႕ တည္ေထာင္သူ Yang Hyun Suk နဲ႔ သူ႔ရဲ႕ညီျဖစ္သူ CEO တို႔ႏွစ္ဦး သူတို႔ရဲ႕ရာထူးအသီးသီးကေန ႏႈတ္ထြက္လိုက္ၿပီျဖစ္ေၾကာင္းကိုေၾကညာၿပီး လပိုင္းအၾကာမွာတာ့ CEO အသစ္ဟာ ၂၀၀၁ ခုႏွစ္ကတည္းက YG ကိုဝင္ေရာက္ခဲ့ၿပီး Executive Director အျဖစ္တာဝန္ယူထားတဲ့ Hwang Bo Kyung ျဖစ္ေၾကာင္းကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

သူမအေနနဲ႔ CEO တာဝန္ကိုယူအၿပီးေနာက္ပိုင္းမွာ ျပဳလုပ္တဲ့ BLACKPINK ရဲ႕ Comeback သီခ်င္း “How You Like That” ဟာဆိုရင္ လက္ရွိအခ်ိန္မွာ စံခ်ိန္အသစ္ေတြတင္ရတဲ့အထိကို ေအာင္ျမင္လွ်က္ရွိေနတာကို ေတြ႕ရပါတယ္။

Ref : Koreaboo

Unicode

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက YG Entertainment ရဲ့တည်ထောင်သူဖြစ်တဲ့ Yang Hyun Suk ဟာ သူ့ရဲ့ မြောက်များစွာသော အရှုပ်တော်ပုံပြဿနာတွေကြောင့် ရဲတွေရဲ့ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေကိုခံခဲ့ရပါတယ်။ အဲဒီနောက်မှာတာ့ သူ့အနေနဲ့ YG Entertainment မှာ တာဝန်ယူထားတဲ့ရာထူးနဲ့ လုပ်ငန်းဆောင်တာတွေကနေ အနားယူလိုက်ပြီဖြစ်ကြောင်းကို ကြေညာခဲ့ပေမယ့်လည်း လတ်တလောမှာတော့ Yang Hyun Suk ဟာ YG Entertainment ကို အပြီးတိုင်လက်လွှတ်လိုက်ခြင်းမရှိသေးဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်လျှက်ရှိနေပါတယ်။

နှစ်ချုပ်စာရင်းတင်ပြချက်တွေအရဆိုရင် Yang Hyun Suk ဟာ YG Entertainment ရဲ့ရှယ်ယာတွေထဲက ၁၇.၃၁ ရာခိုင်နှုန်းကိုကိုင်ဆောင်ထားတဲ့အတွက် ဒီနေ့အချိန်ထိ ရှယ်ယာအများဆုံးထည့်ဝင်ထားသူအဖြစ်ရှိနေဆဲဖြစ်ကာ ဒီလိုမျို ရှယ်ယာအများဆုံးကိုင်ဆောင်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာဆိုရင် ကုမ္ပဏီအတွက်ဆုံးဖြတ်ချက်တွေမှာ သူ့အနေနဲ့ဝင်ရောက်ခြယ်လှယ်ပိုင်ခွင့်ရှိသေးတယ်ဆိုတာပါပဲ။ ဒါကြောင့် ရာထူးကနေ နှုတ်ထွက်တယ်ဆိုတာက သိပ်ပြီးအထူးတလည်ပြောင်းလဲသွားတာမဟုတ်ဘူးလို့ဆိုကာ ဝေဖန်မှုတွေမြင့်တက်လျှက်ရှိနေပါတယ်။

YG Entertainment ဟာ မနှစ်တုန်းက ရှယ်ယာဈေးတွေထိုးကျကာ ရိုက်ခတ်မှုတွေအများအပြားခံခဲ့ရသော်လည်း ဒီနှစ်မှာ အမြတ်ငွေများစွာရရှိလိမ့်မယ်လို့ မျှော်လင့်ထားတာကြောင့် အွန်လိုင်းအသုံးပြုသူပရိသတ်တွေကတော့ Yang Hyun Suk အနေနဲ့ ဒီလိုမျိုးပြဿနာပေါင်းများစွာနဲ့ရင်ဆိုင်နေရချိန်မှာတောင် အမြတ်ငွေတွေရရှိနေတဲ့အတွက် စိတ်ကျေနပ်မှုမရှိကြပါဘူး။ YG ရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်သူကလည်း Yang Hyun Suk ဟာ လက်ရှိအချိန်မှာ YG ရဲ့ရှယ်ယာတွေကိုကိုင်ဆောင်ထားဆဲဖြစ်ကာ ကုမ္ပဏီဟာဆိုရင်လည်း Yang Hyun Suk နဲ့ သူ့ရဲ့ညီ CEO ဟောင်းဖြစ်သူ Yang Min Suk ရဲ့ထိန်းချုပ်မှုအောက်မှာရှိဆဲဖြစ်တယ်လို့ ထပ်လောင်းအသိပေးခဲ့ပါတယ်။

ဒါကြောင့် လတ်တလော အွန်လိုင်းအသုံးပြုသူကိုရီးယားလူမျိုးအကြားမှာ Yang Hyun Suk ကို အပြစ်တင်ရှုံ့ချမှုတွေဟာ အရင်ကထက်ပိုမိုမြင့်တက်လျှက်ရှိနေတာကို တွေ့ရပါတယ်။ YG ရဲ့ တည်ထောင်သူ Yang Hyun Suk နဲ့ သူ့ရဲ့ညီဖြစ်သူ CEO တို့နှစ်ဦး သူတို့ရဲ့ရာထူးအသီးသီးကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်းကိုကြေညာပြီး လပိုင်းအကြာမှာတာ့ CEO အသစ်ဟာ ၂၀၀၁ ခုနှစ်ကတည်းက YG ကိုဝင်ရောက်ခဲ့ပြီး Executive Director အဖြစ်တာဝန်ယူထားတဲ့ Hwang Bo Kyung ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သူမအနေနဲ့ CEO တာဝန်ကိုယူအပြီးနောက်ပိုင်းမှာ ပြုလုပ်တဲ့ BLACKPINK ရဲ့ Comeback သီချင်း “How You Like That” ဟာဆိုရင် လက်ရှိအချိန်မှာ စံချိန်အသစ်တွေတင်ရတဲ့အထိကို အောင်မြင်လျှက်ရှိနေတာကို တွေ့ရပါတယ်။

Ref : Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.