Yaya Urassaya နဲ႔ အလုပ္အတူတြဲလုပ္ရတဲ့ ခံစားခ်က္ကိုေျပာျပလာတဲ့ Mario Maurer

Posted on

လက္ရွိထိုင္းဒရမ္မာႀကိဳက္ပရိသတ္ေတြရဲ႕အၾကားမွာ စိတ္ဝင္စားလွ်က္ရွိတဲ့ ဇာတ္လမ္းတြဲအသစ္ကေတာ့ ထိုင္းႏိုင္ငံရဲ႕နာမည္ေက်ာ္ထိပ္တန္းအႏုပညာရွင္ႏွစ္ဦးျဖစ္တဲ့ မင္းသား Mario Maurer နဲ႔ မင္းသမီး Yaya Urassaya တို႔ရဲ႕ “Kue Thur” ဆိုတဲ့ ဇာတ္လမ္းတြဲပဲျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာဆိုရင္ “My Husband In Law” ကို ထုတ္လုပ္႐ိုက္ကူးခဲ့တဲ့ မင္းသမီးႀကီး Anne Thongprasom ထုတ္လုပ္မယ့္ေနာက္ထပ္ဇာတ္ကားတစ္ကားျဖစ္တဲ့အျပင္ Mario နဲ႔ Yaya တို႔ႏွစ္ဦးရဲ႕ တြဲဖက္သ႐ုပ္ေဆာင္မႈေၾကာင့္ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈကို မ႐ိုက္ကူးခင္အခ်ိန္ကတည္းကရရွိေနခဲ့တဲ့ ဇာတ္လမ္းတြဲဆိုရင္လည္းမမွားပါဘူး။

ဒီလိုမ်ိဳးပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈျမင့္ေနတဲ့ ဇာတ္လမ္းတြဲထဲမွာ Yaya Urassaya နဲ႔ ပထမဆုံးအႀကိမ္အတူတြဲၿပီးအလုပ္လုပ္ရတဲ့အတြက္ အရမ္းစိတ္လႈပ္ရွားမိခဲ့ေၾကာင္းကို Mario Maurer က အင္တာဗ်ဴးတစ္ခုမွာေျပာျပခဲ့ပါတယ္။ ဘယ္လိုမ်ိဳးဇာတ္လမ္းပုံစံျဖစ္မလဲဆိုတာကို အတိအလင္းမေဖာ္ျပထားေသးေပမယ့္လည္း စိတ္ကူးယဥ္အခ်စ္ဇာတ္လမ္းျဖစ္တယ္လို႔ေတာ့သိရပါတယ္။

ထြက္ရွိလာတဲ့ပုံတခ်ိဳ႕မွာလည္း Mario ကို အရင္တုန္းကမျမင္ခဲ့ဖူးတဲ့ အသြင္အျပင္ပုံစံမ်ိဳးနဲ႔ ျမင္ေတြ႕ရတာေၾကာင့္ ပရိသတ္ေတြက စိတ္လႈပ္ရွားေနၾကၿပီး ဒီဇာတ္လမ္းတြဲဟာ လာမယ့္ ၂၀၂၁ ခုႏွစ္ထဲမွာ ၾကည့္ဖို႔အတြက္ ပရိသတ္ေတြရဲ႕အေမွ်ာ္လင့္ဆုံးဒရမ္မာတစ္ခုအျဖစ္ သတ္မွတ္ခံထားရတယ္လို႔ ဆိုပါတယ္။ ဇာတ္လမ္းတြဲကိုေတာ့ အခုဇူလိုင္လ ေနာက္ဆုံးအပတ္ထဲမွာ ႐ိုက္ကူးသြားမွာျဖစ္ပါတယ္။

Ref : Thai Update

Unicode

လက်ရှိထိုင်းဒရမ်မာကြိုက်ပရိသတ်တွေရဲ့အကြားမှာ စိတ်ဝင်စားလျှက်ရှိတဲ့ ဇာတ်လမ်းတွဲအသစ်ကတော့ ထိုင်းနိုင်ငံရဲ့နာမည်ကျော်ထိပ်တန်းအနုပညာရှင်နှစ်ဦးဖြစ်တဲ့ မင်းသား Mario Maurer နဲ့ မင်းသမီး Yaya Urassaya တို့ရဲ့ “Kue Thur” ဆိုတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာဆိုရင် “My Husband In Law” ကို ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ မင်းသမီးကြီး Anne Thongprasom ထုတ်လုပ်မယ့်နောက်ထပ်ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် Mario နဲ့ Yaya တို့နှစ်ဦးရဲ့ တွဲဖက်သရုပ်ဆောင်မှုကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို မရိုက်ကူးခင်အချိန်ကတည်းကရရှိနေခဲ့တဲ့ ဇာတ်လမ်းတွဲဆိုရင်လည်းမမှားပါဘူး။

ဒီလိုမျိုးပရိသတ်တွေရဲ့စိတ်ဝင်စားမှုမြင့်နေတဲ့ ဇာတ်လမ်းတွဲထဲမှာ Yaya Urassaya နဲ့ ပထမဆုံးအကြိမ်အတူတွဲပြီးအလုပ်လုပ်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိခဲ့ကြောင်းကို Mario Maurer က အင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။ ဘယ်လိုမျိုးဇာတ်လမ်းပုံစံဖြစ်မလဲဆိုတာကို အတိအလင်းမဖော်ပြထားသေးပေမယ့်လည်း စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဖြစ်တယ်လို့တော့သိရပါတယ်။

ထွက်ရှိလာတဲ့ပုံတချို့မှာလည်း Mario ကို အရင်တုန်းကမမြင်ခဲ့ဖူးတဲ့ အသွင်အပြင်ပုံစံမျိုးနဲ့ မြင်တွေ့ရတာကြောင့် ပရိသတ်တွေက စိတ်လှုပ်ရှားနေကြပြီး ဒီဇာတ်လမ်းတွဲဟာ လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ ကြည့်ဖို့အတွက် ပရိသတ်တွေရဲ့အမျှော်လင့်ဆုံးဒရမ်မာတစ်ခုအဖြစ် သတ်မှတ်ခံထားရတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းတွဲကိုတော့ အခုဇူလိုင်လ နောက်ဆုံးအပတ်ထဲမှာ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Ref : Thai Update

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.