Victoria လေးအမှု အခုအချိန်ထိ တရားခံမဖော်ထုတ်နိုင်သေးတဲ့ အတွက် ရင်နာလွန်းလို့ ခံစားချက်တွေကို ဖွင့်ထုတ်ပြောလိုက်တဲ့ ပိုးအိအိခန့်

Posted on

လတ်တလော လူမှုကွန်ယက်သုံးစွဲနေတဲ့သူတွေကြားမှာ အတော်လေး ရေပန်းစားနေတဲ့သတင်းကတော့ သမီးလေး Victoria ရဲ့အမှုအကြောင်းပဲ ဖြစ်ပါတယ်။

အမှုဖြစ်ပွားခဲ့တာ (၁) လကျော်ကြာမြင့်ခဲ့ပေမယ့်လည်း ယနေ့အချိန်အထိ တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးတာကြောင့် ပြည်သူတွေအားလုံးက မခံရပ်နိုင်လောက်အောင် ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် နစ်နာသူသမီးလေးအတွက်လည်း ” Justice For Victoria “ဆိုပြီး Facebook Profile ပြောင်းပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

အနုပညာရှင်တွေ တော်တော်များများကလည်း သမီးလေးဘက်က ရပ်တည်ပြီး ကူညီနေကြသလို မင်းသမီးချောလေး ပိုးအိအိခန့်ကလည်း Victoria လေးအတွက် ခံပြင်းနေတာ တွေ့ရပါတယ်။ ပိုးအိအိခန့်က ” မဟုတ်ပါဘူးကွာ..ဒီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက ဒီလောက်တောင် အခြေအနေ ဆိုးနေရသလား…..သက်ငယ်မုဒိန်းဆိုတာက ကိုယ့်ရဲ့ သွေးသားအရင်းမှ မဟုတ်ဘူး သက်ငယ်မုဒိန်းဟေ့ဆိုပြီး ကြားလိုက်ရတာနဲ့ အသဲထဲမှာ

တစ်ဆတ်ဆတ်နဲ့ တုန်နေအောင် ဒေါသတွေထွက် အသည်းတွေ နာရတဲ့ အထိဖြစ်ရတဲ့ အမှုမျိုးပါ….ဒီအမှုကြီး ဒီလောက်ရှင်းနေတာ ဒီလောက်ကြာနေစရာလိုလို့လား..ဖုံးဖိပေးနေကြတာလား….မဖုံးမဖိပေးကြဘူးဆိုရင်လည်း သမီးလေးအဖေရဲ့ ထွက်ဆိုချက်တွေမှာ ( နေရာ ၃ နေရာ ၊ လူ ၁၀ ယောက် ) ဒီဟာလေးကြားထဲမှာ ဒီအမှုက ဒီလောက်တောင်ခက်နေရသလားဟာ….

တနေ့ တနေ့ ဆရာသက္ကတင်တဲ့ စာတွေ စောင့်ဖတ်ရင်း ရင်တွေနာ ရင်တွေမော သမီးလေးမိဘနေရာကို ဘယ်လိုမှတောင် မစဉ်းစားနိုင်တော့ဘူး ဘယ်လောက်တောင်ခံစား ယူကြုံးမရ ဖြစ်နေရမလဲလို့…..ဒီကိစ္စမှာလူမမယ် သမီးလေးကို မုဒိန်းကျုးလွန်တဲ့ကောင်ရယ် ကျုးလွန်တာမြင်လိုက်တဲ့ မျက်မြင်သက်သေရယ် ကျုးလွန်တဲ့ မုဒိန်းကောင်ကိုသိသွားပီးတဲ့နောက်

အတတ်နိုင်ဆုံး သိသိကြီးနဲ့ လိုက်ဖုံးလိုက်ဖိပေးတဲ့သူတွေရယ်(ဟုတ်ရင်နာ မဟုတ်ရင်မနာနဲ့) ဒီဘဝမှာ မင်းတို့ လူလာဖြစ်တာ အရမ်းကို အံ့သြမိပါတယ်….. လူဖြစ်လာတာ လူစိတ်ရှိဖို့လိုမယ်…. လူဖြစ်လာပြီး လူစိတ်မရှိရင် လူ့တိရိစ္ဆာန်တွေပါပဲ….” ဆိုပြီး နစ်နာသူ သမီးလေးနဲ့ ပတ်သက်ပြီး သူမရဲ့ခံစားချက်တွေကို ဖွင့်ထုတ်ပြီး ပြောပြထားတာ ဖြစ်ပါတယ်။

Source:Poe Ei Ei Khant;

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.