Victoria လေးအတွက် ကိုယ်တိုင် လက်မှတ်ရေးထိုးတောင်းဆိုလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

Posted on

လတ်တလောမှာ ပြည်သူတွေပေါက်ကွဲနေကြတဲ့ သက်ငယ်မုဒိန်းကိစ္စတွေ နဲ့ပတ်သက်ပြီး တရားမျှမျှတတ ဆောင်ရွက်ပေးဖို့ အွန်လိုင်းပေါ်မှာ ၊ လူမှုကွန်ရက်တွေပေါ်မှာ နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေတာ ၊ တောင်းဆိုနေကြတာတွေ ကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြတာတွေကိုတွေ့ရပါတယ်။ သမီးငယ်လေး Victoria အတွက် တောင်းဆိုသူတွေထဲက တချို့ကတော့ တရားမျှတမှုအတွက် အွန်လိုင်းပေါ်ကနေ လက်မှတ်ရေးထိုးတောင်းဆိုမှုတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။

 

ပြည်သူတွေချစ်ကြတဲ့ ဝါရင့် သရုပ်ဆောင် အကယ်ဒမီများရှင် ထွန်းအိန္ဒြာဗိုလ် တစ်ယောက် အဆိုပါ လက်မှတ်ရေးထိုးတောင်းဆိုမှုမှာ ပါဝင်လိုက်တယ်လို့သိရပါတယ်။ မခိုင်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “Sign ပြီးပါကြောင်း ….” ဆိုပြီး ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ အဆိုပါ Campaign မှာ အင်တာနက် အသုံးပြုသူ လူပေါင်း သုံးထောင်ကျော်ခန့်လက်မှတ်ရေးထိုးပြီးကြောင်းလည်းသိရပါတယ်။

 

 

မခိုင်ကြီး ရဲ့ ပရိသတ်တွေကတော့ အခုလို ဒီမိုကရေစီနည်းကျကျ ဆန္ဒဖော်ထုတ်တောင်းဆိုတဲ့ လုပ်ရပ်အတွက် ဂုဏ်ပြုစကားတွေပြောဆိုနေကြတာကို လည်းတွေ့ရပါတယ်။ ကဲ သိစေချင်လွန်းလို့ ပရိသတ်ကြီးလည်း မခိုင်ကြီးနဲ့ အတူ ဒီ လက်မှတ်ထိုးတောင်းဆိုမှုမှာ ပါဝင်အားဖြည့် လိုက်ကြပါဦးနော်။

Source – Mi Mi Khine
No No May Ju Ju

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.