TV ၾကည့္ေကာင္းေနရင္ တျခားဘာကိုမွမျမင္ေတာ့တဲ့ ေခတ္နဲ့သစ္ေၾကာင့္ ဆြံ့အသြားခဲ့ရတဲ့ လင္းလင္း

ႏိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ လင္းလင္းက ေတးေရးဆရာတစ္ေယာက္အျဖစ္ကေန “စဥ္းစားပါ” အေခြကို ထြက္ရွိခဲ့ၿပီး ေအာင္ျမင္မႈ ရရွိခဲ့သူတစ္ေယာက္ပါ။ လင္းလင္းက သူသီခ်င္းေတြအၿမဲေရးေပးေနက်ျဖစ္တဲ့ အဆိုေတာ္မေလး ခ်စ္သုေဝနဲ႔ ဖူးစာဆုံခဲ့ၿပီး လက္ထပ္ခဲ့ရာ အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ အႁမႊာသမီးေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီပဲ ျဖစ္ပါတယ္။ လက္ရွိမွာ အလႉအတန္းေတြလုပ္လိုက္၊ သမီးေတြကိုထိန္းေၾကာင္းလိုက္နဲ႔ အခ်ိန္ကုန္ဆုံးေနတဲ့ လင္းလင္းက ဒီတစ္ေခါက္မွာလည္း သမီးေတြေျပာတဲ့စကားေၾကာင့္ ဆြံ႕အသြားခဲ့ရပါတယ္။

လင္းလင္းက TV ၾကည့္ေနတဲ့ သမီးေလးေတြကို အာ႐ုံေျပာင္းေစဖို႔ စကားလမ္းေၾကာင္းခဲ့ေပမယ့္ သမီးေတြရဲ႕အေျဖေၾကာင့္ ဆြံ႕အသြားခဲ့ရေၾကာင္းကို “က်ဳပ္ေမး – ရဲေဘာ္တို႔ စစ္ဆင္ေရးတစ္ရပ္ ဆင္ႏႊဲမယ္။ ေရွ႕ကိုအာ႐ုံစိုက္.. ဘာျမင္ရလဲကြ ?? သမီးေတြေျဖ – peppa pig ( ပါပါးပစ္ )” ဆိုၿပီး သူတို႔ၾကည့္ေနတဲ့ ကာတြန္းကိုသာအာ႐ုံရတဲ့ ေခတ္နဲ႔သစ္အေၾကာင္းကို ေျပာထားပါတယ္။

လင္းလင္းကေတာ့ ဖခင္ျဖစ္သူပီပီ သမီးေတြနဲ႔ ၾကမ္းၾကမ္းတမ္းတမ္းေဆာ့ကစားေပးေလ့ရွိၿပီး သမီးေတြအလိုကို အၿမဲတမ္းလိုက္သူတစ္ေယာက္ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းတဲ့ လင္းလင္းတို႔ သားအဖသုံးေယာက္ရဲ႕ ပုံရိပ္ေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections

Unicode

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ လင်းလင်းက တေးရေးဆရာတစ်ယောက်အဖြစ်ကနေ “စဉ်းစားပါ” အခွေကို ထွက်ရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သူတစ်ယောက်ပါ။ လင်းလင်းက သူသီချင်းတွေအမြဲရေးပေးနေကျဖြစ်တဲ့ အဆိုတော်မလေး ချစ်သုဝေနဲ့ ဖူးစာဆုံခဲ့ပြီး လက်ထပ်ခဲ့ရာ အခုဆိုရင် ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အလှူအတန်းတွေလုပ်လိုက်၊ သမီးတွေကိုထိန်းကြောင်းလိုက်နဲ့ အချိန်ကုန်ဆုံးနေတဲ့ လင်းလင်းက ဒီတစ်ခေါက်မှာလည်း သမီးတွေပြောတဲ့စကားကြောင့် ဆွံ့အသွားခဲ့ရပါတယ်။

လင်းလင်းက TV ကြည့်နေတဲ့ သမီးလေးတွေကို အာရုံပြောင်းစေဖို့ စကားလမ်းကြောင်းခဲ့ပေမယ့် သမီးတွေရဲ့အဖြေကြောင့် ဆွံ့အသွားခဲ့ရကြောင်းကို “ကျုပ်မေး – ရဲဘော်တို့ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲမယ်။ ရှေ့ကိုအာရုံစိုက်.. ဘာမြင်ရလဲကွ ?? သမီးတွေဖြေ – peppa pig ( ပါပါးပစ် )” ဆိုပြီး သူတို့ကြည့်နေတဲ့ ကာတွန်းကိုသာအာရုံရတဲ့ ခေတ်နဲ့သစ်အကြောင်းကို ပြောထားပါတယ်။

လင်းလင်းကတော့ ဖခင်ဖြစ်သူပီပီ သမီးတွေနဲ့ ကြမ်းကြမ်းတမ်းတမ်းဆော့ကစားပေးလေ့ရှိပြီး သမီးတွေအလိုကို အမြဲတမ်းလိုက်သူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ လင်းလင်းတို့ သားအဖသုံးယောက်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.