The Voice Myanmar Season (2) ရဲ့ Winner ဆုအဖြစ် Ford Everest ကားအသစ်​ကြီးကို သွား​ရောက်​ ထုတ်​ယူခဲ့ပြီဖြစ်​တဲ့ Novem Htoo

Posted on

ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြတဲ့ The Voice Myanmar Season (2) ပြိုင်ပွဲကြီးကတော့ ပရိသတ်​​တွေလိုချင်​တဲ့ရလဒ်​နဲ့ ထပ်​တူညီစွာ ပြီးခဲ့တဲ့ လကပဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။
The Voice Myanmar Season (2) ရဲ့ Winner ဆုကို ထိုက်​တန်​စွာရရှိခဲ့တဲ့ Novem Htoo က​တော့ လတ်​တ​လောမှာပဲ သူဆုရရှိထားတဲ့ Ford Everest ကားသစ်​ကြီးကို သွား​ရောက်​ထုတ်​ယူခဲ့တဲ့ ပုံရိပ်​​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

ချစ်​ပရိသတ်​​တွေ​အတွက်​ Ford Everest ကားအသစ်​ကြီးကို သွား​ရောက်​ ထုတ်​ယူခဲ့ပြီဖြစ်​တဲ့ Novem Htoo ရဲ့ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

The Voice Myanmar မှ တာဝန်​ရှိသူတစ်​ဦးက​တော့ “ကျွန်တော်တို့ ရဲ့ The Voice Myanmar ( Season 2 Winner ) Novem Htoo ကတော့ Ford Everest ကားသစ်ကြီးကို ရရှိသွားပါပြီ ။ Ford Everest ကားသစ်ကြီး ချီးမြင့်ပွဲအခမ်းအနားကို ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ် အခမ်းအနားသို့ Ford ကတာဝန်ရှိသူများနဲ့ သူငယ်ချင်းများ တက်ရောက်ခဲ့ကြပါတယ် ။ ” ဆိုပြီး Winner Novem Htoo ကို ဆုချီးမြင့်​ခံခဲ့တဲ့ အခမ်းအနားမှ ပုံရိပ်​​လေး​တွေကို ​ဝေမျှ​ပေးထားတာပါ။

ပီတိ​တွေ ဖြာ​ဝေ​နေတဲ့ Novem Htoo ရဲ့ ပုံရိပ်

The Voice Myanmar Season(2) ရဲ့ Winner ဖြစ်သွားခဲ့တဲ့ Novem Htoo ကတော့ ဆုငွေသိန်း(၂၀၀) တိတိ၊ Ford All-New Everest ကားအသစ်ကြီးကို ပိုင်ဆိုင်ခဲ့ပြီး စီးရီးတစ်ခွေကို ထုတ်လုပ်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ပရိသတ်တွေလည်း Novem Htoo အတွက် ဝမ်းသာစကားလေး ပြောပေးခဲ့ပါဦးနော်။

Source:The Voice Myanmar’s Facebook; momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.