ပွင့်နဒီမောင်ကတော့တစ်ခတ်တစ်ခါကမော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတစ်ခုကို ရရှိထားသူလည်းဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာအောင်မြင်ခဲ့ပြီး အနုပညာအလုပ်တွေကိုခဏရပ်နားပြီး ပရိသတ်တွေရှေ့ MTV လေးမှာ အကြမ်းစားသရုပ်ဆောင်ချက်တွေနဲ့ပြန်လည်ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
နှစ်သစ်ကူး သင်္ကြန်မှာလည်း လက်ထိခိုက်မိထားပေမယ့် ပရိသတ်တွေအတွက်ဖျော်ဖြေပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ အနုပညာအလုပ်တွေနဲ့ ပွဲတက်တာတွေ လုပ်နေပြီး သူမရဲ့အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလေ့ရှိပါတယ်။
ပရိသတ်တွေကြားရေပန်းစားနေတဲ့ The Voice Myanmar အဆိုပြိုင်ပွဲကြီးကိုအားပေးတဲ့သူတွေထဲကတစ်ယောက်ပဲ ဖြစ်ပါတယ်။ The Voice Myanmar ရဲ့ Winner ဆုနဲ့ပတ်သက်ပြီး သဘောကျတဲ့သူရှိသလိုဝေဖန်မှုတွေလည်းရှိနေတာပဲ ဖြစ်ပါတယ်။ ပွင့်နဒီမောင်အနေနဲ့လည်း The Voice Myanmar ပရိသတ်တစ်ယောက်အနေနဲ့ သူ့အမြင်လေးကို “သမီး သူ့သီချင်းဆိုတာကို မကြိုက်ဘူး။
ဘာတွေအော်နေမှန်းနားမလည်ဘူး။ပြန်ရွေးပေးပါ Paulကို ” ဆိုပြီး သူမအားပေးတဲ့ အဖွဲ့ဝင်အဆိုရှင်တစ်ယောက်ကို ရစေချင်တဲ့ အကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော ပွင့်နဒီမာင်နဲ့ အမြင်လေးတူလား ပြောသွားပါဦးနော်။
Source : Pwint Nadi Maung