ယူနီကုဒ်ဖြင့်ဖတ်ရန်
The Mask Singer Myanmar ရဲ့ သီးမွှေးလေးအဖြစ် ထင်ကြေးပေးခံနေရတဲ့ အိုင်းရင်းဇင်မာမြင့်
ပရိသတ်တွေအားလုံးရဲ့ အာရုံကိုဖမ်းစားထားတဲ့ The Mask Singe Myanmar ပရိုဂရမ်ကတော့ ပဟေဠိတွေနဲ့ ပြည့်နှက်ပြီး ပရိသတ်တွေကို အတွေးပေါင်းစုံပေးထားတဲ့ အစီစဉ်တစ်ခုပဲဖြစ်ပါတယ်။ ပရိသတ်တွေတင်မကပါဘူး ဆယ်လီစုံထောက်တွေပါ မူးနောက်နေအောင်စဉ်းစားနေရတဲ့ အစီစဉ်တစ်ခုပါ ။ မျက်နှာဖုံးနောက်ကွယ်က ဆယ်လီတွေက ဘယ်သူဖြစ်မလဲဆိုတာကို အသံတစ်ခုထဲ နားထောင်ပြီး စုံစမ်းရတာ တကယ်ကိုရင်ခုန်စရာကောင်းလွန်းပါတယ် နော် ။
ဆယ်လီစုံထောက်တွေတင်မကဘဲ ပရိသတ်တွေကပါ ပဟေဠိအဖြေညှိပြီး ထင်ကြေးပေးနေကြတာလည်း တကယ်ကိုပျော်စရာကောင်းလွန်းပါတယ်နော် ။ လတ်တလောမှာတော့ ကျားကတော့ ပိုင်တံခွန် ၊ ဇီးကွက်က ဟန်တီ ဆိုတာ ပရိသတ်တွေအားလုံးသိပြီးတဲ့နောက်မှာတော့ နောက်ထပ် ထင်ကြေးပေးခံနေရတာ သီးမွှေးလေးပါ ။ သီးမွှေးကို ဆယ်လီစုံထောက်တွေက ဂျင်းနီလို့ ထင်နေကြပေမယ့် ပရိသတ်တွေတော်တော်များများကတော့ အိုင်းရင်းဇင်မာမြင့်ပါလို့ ထင်ကြေးပေးနေကြပါတယ် ။
ပရိသတ်တွေခန့်မှန်းထားသလို သီးမွှေးလေးဟာ အိုင်းရင်းဖြစ်နေမလားဆိုတာကတော့ နောက်တစ်ပတ် အစီစဉ်တွေကို ရင်ခုန်စွာစောင့်မျှော်ရဦးမှာပဲ ဖြစ်ပါတယ် ။ Cele Connections ပရိသတ်ကြီးကရော သီးမွှေးလေးကို အိုင်းရင်းဇင်မာမြင့်လို့ထင်လား မှတ်ချက်ပေးခဲ့ပါဦးနော် ။
Source : The Mask Singer Myanmar
Molly ( Cele Connections)
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.