” The Florist by Yun က လီလီပန်းစည်းတွေကို နေတိုးက ဝယ်ယူအားပေးခဲ့ကြောင်း ​ ပြောပြလာတဲ့ လွင်မိုး”

Posted on




Source : Lwin Moe’sMyday

unicode

ပရိသတ်ကြီးရေ လွင်မိုးကတော့ တစ်ခေတ်တစ်ခါကပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ မင်းသားကြီးတစ်လက်ပါ။အခုချိန်ထိလည်း အနုပညာခြေလှမ်းတွေကြဲသွားပေမယ့်လည်း ချစ်တဲ့ပရိသတ်တွေကတော့ အားပေးဝန်းရံလျက်ရှိဆဲပဲ ဖြစ်ပါတယ်။

သတင်းတင်ဆက်သူမေသူနဲ့ အိမ်ထောင်ကျပြီး သမီးချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ သူဖြစ်ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ မြေးဦးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်နော်။ မြန်မာနိုင်ငံကပုရိသတွေ တခဲနက်အားပေးဝန်းရံရတဲ့ သမီးကြီး ယွန်းဝတီလွင်မိုးကတော့ အဖေ့ခြေရာကိုနင်းကာ အနုပညာအလုပ်တွေကိုလည်း ရရင်ရသလိုအချိန်ပေးကာ လုပ်ကိုင်နေသူဖြစ်ပေမယ့် သမီးငယ်လေးယွန်းနဒီလွင်မိုးကတော့အနုပညာဘက်ကိုစိတ်မဝင်စားဘဲ ပညာရေးနဲ့ စီးပွားရေးဘက်ကိုပဲ အာရုံစိုက်မယ်လို့တရားဝင်ဖြေကြားထားတာပါပဲနော်။

လက်ရှိမှာလည်း လီလီပန်းတွေကို စမ်းသပ်စိုက်ပျိုးကာ သမီးအငယ်လေးကိုယ်တိုင် ဦးစီးနေတဲ့ The Florist by Yun ဆိုတဲ့ Flower shopလေးကို လုပ်ဆောင်လျက်ရှိတာပါ။ လီလီပန်းစည်းတွေကို ပြည်သူချစ်သရုပ်ဆောင်မင်းသားနေတိုးကလည်းအားပေးခဲ့ကြောင်းကိုသူ့ရဲ့My dayမှာ ပုံနဲ့တကွတင်လာခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Lwin Moe’sMyday

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.