Thai TV3 နဲ့ လက်တွဲလာခဲ့တာ ၁၀ နှစ်ကျော်နေပြီဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ထိပ်တန်းသရုပ်ဆောင်များ
Posted on
Aum Patchrapa
Weir Sukollawat
Min Pechaya
Ref : Thai Update
Unicode
ထိုင်းဒရမ်မာကြိုက်ပရိသတ်တွေအနေနဲ့ Thai TV3 ရုပ်သံလိုင်းကို ကောင်းကောင်းကြီးရင်းနှီးကြပြီး၊ သိထားကြပြီးဖြစ်မှာပါ။ လက်ရှိထိုင်းနိုင်ငံရဲ့ နာမည်ကျော်ထိုင်းသရုပ်ဆောင်အများစုဟာဆိုရင် ဒီရုပ်သံလိုင်းနဲ့စာချုပ်ချုပ်ဆိုလက်တွဲထားကြတာဖြစ်ပြီး အဆိုပါရုပ်သံလိုင်းဟာဆိုရင်လည်း လစဉ်တိုင်းမှာ ဇာတ်လမ်းတွဲအသစ်တွေများစွာကို ထုတ်လွှင့်ပြသလျှက်ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ စတင်ပွဲထွက်လာစဉ်အချိန်ကတည်းကနေ ဒီနေ့အထိထက်တိုင် Thai TV3 နဲ့လက်တွဲလာကြတဲ့ ထိုင်းနိုင်ငံရဲ့နာမည်ကြီးထိပ်တန်းသရုပ်ဆောင် ၃ ယောက်ကို တင်ဆက်ဖော်ပြပေးချင်ပါတယ်။ သူတို့တွေကတော့…..
Aum Patchrapa
ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Aum Patchrapa ဟာဆိုရင် Thai TV3 နဲ့လက်တွဲခဲ့တာ သူမ အသက် ၂၃ နှစ်အရွယ် စတင်ပွဲထွက်ခဲ့ချိန်ကတည်းကဖြစ်ပြီး အခုဆိုရင် ၁၈ နှစ်ကျော်ရှိနေပါပြီ။ သူမရဲ့ပထမဆုံးသောဇာတ်လမ်းတွဲကတော့ ၁၉၉၇ ခုနှစ်တုန်းက ထုတ်လွှင့်ခဲ့တဲ့ “Manee Neur Tae” ပဲဖြစ်ပါတယ်။
Weir Sukollawat
နာမည်ကျော်ဝါရင့်မင်းသား Weir Sukollawat ကတော့ ၂၀၀၆ ခုနှစ်မှာ “Plik Din Su Dao” ဇာတ်လမ်းတွဲနဲ့စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် သူ့အနေနဲ့ Thai TV3 နဲ့လက်တွဲခဲ့တာ ၁၄ နှစ်ပတ်ဝန်းကျင်ရှိနေပြီိလို့ဆိုနိုင်ပါတယ်။
Min Pechaya
မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသား ထိုင်းမင်းသမီးလေးဖြစ်တဲ့ Min Pechaya ဟာဆိုရင်လည်း ၂၀၀၉ ခုနှစ်မှာ “Pla Boo Thong” ဇာတ်လမ်းတွဲနဲ့စတင်ပွဲဦးထွက်ခဲ့တာဖြစ်တာကြောင့် သူမနဲ့ Thai TV3 တို့ လက်တွဲခဲ့ကြတာ ၁၀ နှစ်ကျော် ၁၁ နှစ်ပတ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။
Ref : Thai Update
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.