Taew Natapohn ဖခင်ဖြစ်သူရဲ့နာရေးအခမ်းအနားပွဲကို လွမ်းသူ့ပန်းခွေပေးပို့ခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Lisa

Posted on





Unicode

ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ဖြစ်တဲ့ Taew Natapohn ရဲ့ဖခင်ဖြစ်သူဟာဆိုရင် ဇူလိုင်လ ၁ ရက်နေ့ မနေ့တုန်းက ထိုင်းစံတော်ချိန် ညနေ ၃ နာရီမှာ ဘ၀တစ်ပါးကို ကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ Taew ရဲ့ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေကွဲကြောင်းကို ထိုင်းအနုပညာရှင်တွေများစွာက လူမှုကွန်ရက်ကနေတဆင့်ဖော်ပြခဲ့ကြသလို နာရေးအခမ်းအနားကိုလည်းတက်ရောက်ခဲ့ပြီး Taew ကို အားပေးစကားတွေပြောပေးခဲ့ကြပါတယ်။

ဒီလိုမျိုး အဝေးကနေရော၊ အနီးကနေပါ အားပေးခဲ့ကြတဲ့သူတွေထဲမှာ နာမည်ကြီးကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ရဲ့ အဖွဲ့ဝင်ဖြစ်သူ Lisa ဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး သူမကတော့ Taew အဖေရဲ့နာရေးကို လွမ်းသူ့ပန်းခွေပို့ပေးခဲ့တာကို တွေ့ရပါတယ်။

Taew ဟာဆိုရင် Lisa ရဲ့အကြိုက်ဆုံးသောထိုင်းသရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်ကာ သူမတို့နှစ်ဦးဟာ ၂၀၁၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ BLACKPINK ရဲ့ Concert မှာ ပထမဆုံးအကြိမ်အပြင်မှာ တွေ့ဆုံခဲ့ဖူးပြီးနောက် ရင်းနှီးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Source : Taew Natapohn Myanmar Fan Club

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.