
Posted on




 

 

Source : G-Fatt

Candy -CeleConnections

ယူနီကုတ်ဖြင့်ဖတ်ရန်

Stay Home နေတဲ့ ပရိသတ်တွေ Feelလို့ကောင်းမယ့် သီချင်းအဆွေးလေးကို ကိုယ်တိုင်တီးခတ်ကာသီဆိုပြခဲ့တဲ့ G -Fatt နဲ့ နီနီခင်ဇော်ရဲ့ ဗီဒီယို…

CeleConnections ပရိသတ်ကြီးရေ   G-Fatt ကတော့ အမျိုးသမီးပရိသတ်တွေသာမက အမျိုးသားပရိသတ်တွေပါ သဘောကျအားပေးရတဲ့ HipHop အမျိုးသားအဆိုတော်တစ်ယောက်ပါ။ သီချင်းတွေကို ခေတ်ရေစီးကြောင်းအတိုင်း ကိုယ်တိုင်ရေးစပ်ပုံဖော်ကာ လက်တွေ့လူငယ်တွေဖြစ်ပျက်နေတဲ့ သဘောတရားတွေကို အခြေခံထားတာကြောင့် သူရေးကာသီဆိုတဲ့သီချင်းတွေဟာ လူငယ်တွေပါးစပ်ဖျားမှာ စွဲစေတဲ့ အချက်ပါပဲနော်။

လက်ရှိမှာတော့G-Fatt တစ်ယောက် သူ့ရဲ့ပရိသတ်တွေနဲ့ အနုပညာအလုပ်တွေကိုပဲ အချိန်ပေးကာ Singleအဖြစ်နဲ့ ပေါ့ပါးပျော်ရွှင်စွာနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ယခုဖြစ်ပွားနေတဲ့ Covid19 နဲ့ပတ်သက်ပြီးလည်းသူ့ရဲ့ပရိသတ်တွေကို သတိပေးစကားတွေပြောကြားခဲ့ကာ Stay Home နေနေတဲ့ ပရိသတ်တွေကိုသူ့ရဲ့အနုပညာအားနဲ့ စိတ်အပန်းဖြေစေဖို့အတွက်ဖျော်ဖြေမှုတွေပြုလုပ်လျက်ရှိတဲ့သူတစ်ယောက်ပါ။

လက်ရှိမှာလည်း သူ့ရဲ့ပရိသတ်တွေအတွက်   နိုင်ငံကျော်ပြည်သူ့အချစ်တော်ကြီး နီနီခင်ဇော်နဲ့တွဲဖက်ကာ “အလကားပဲ”သီချင်း ကို နှစ်ယောက်လုံးကိုယ်တိုင် ဂစ်တာတီးကာ အိမ်ထဲမှာနေနေတဲ့ပရိသတ်တွေအတွက်သီဆိုဖျော်ဖြေခဲ့တာပါ။CeleConnectionsပရိသတ်ကြီးရော G -Fatt နဲ့ နီနီတို့သီဆိုထားတဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး သီချင်းလေးအတိုင်း ခာံးချက်တူနေတဲ့သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.