“Stay Home ကာလလေးမှာ ချစ်သူ ဝါဆိုမိုးဦးလေးကို မတွေ့ရပေမယ့် အဝေးကနေ စကားလုံးလှလှလေးတွေနဲ့ သတိရလွမ်းကြောင်းလေးတွေ ပြောလိုက်တဲ့ ဖြိုးလေး”

Posted on

ပရိသတ်ကြီးရေ ချစ်သူသက်တမ်းကြာမြင့်တဲ့ ဆယ်လီချစ်သူစုံတွဲတွေထဲက တစ်တွဲဖြစ်တဲ့ Snare အဖွဲ့ဝင် ဖြိုးလေးနဲ့ မော်ဒယ် သရုပ်ဆောင် ဝါဆိုမိုးဦးတို့ စုံတွဲလေးကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ နှစ်ယောက်လုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာ အနုပညာနယ်ပယ်အသီးသီးမှာတော့ အောင်မြင်နေပြီး အားပေးတဲ့ ပရိသတ်တွေကို ရရှိပိုင်ဆိုင်ထားကြသူတွေပဲဖြစ်ပါတယ်နော်.။

အသက်တစ်နှစ်ကွာတဲ့ ရွယ်တူလည်းမကျ အရမ်းလည်း မကြီးတဲ့ မတိမ်းမယိမ်းမလို တစ်ယောက်နဲ့တစ်ယောက် ညှိယူစရာမလိုဘဲ နားလည်မှုတွေနဲ့အတူတူ ဂေါ်တတ်ကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲ ပုံစံလေးကြောင့် ပရိသတ်တွေက အားကျမှုတွေနဲ့အတူ အားပေးနေကြတယ်လို့ ဆိုရင်မှားမယ် မထင်ပါဘူးနော်.။ ချစ်သူ ဝါဆိုမိုးဦးအပေါ် ချစ်တတ်လွန်းသူ ဖြိုးလေးရဲ့ ဂရုစိုက်မှုတွေဟာလည်း ရိုမန့်တစ်ဆန်လွန်းပြီး စက်တင်ဘာလ (၁၅)ရက်နေ့မှာလည်း ဖြိုးလေးက သူ့ရဲ့ ဘဝမှာ ချစ်သူဖြစ်သူ ဝါဆိုမိုးဦး ရှိနေပေးတာက အရေးကြီးဆုံးလို့ အဓိပ္ပာယ်ရတဲ့စာလေးကို “(2020)ကြီးကလည်း ဘာအထာလဲကွာ.. သင်္ကြန်လည်းမရှိ၊

သီတင်းကျွတ်လည်းမရှိနဲ့ တော်သေးတာပေါ့ မင်းရှိနေသေးလို့ … အယ်လယ် ..စာသား Credit- ကြိုက်လို့ပြန်တင်သည်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ Covid (19)ရောဂါပိုးကြောင့် ချစ်သူတွေလည်း အဝေးရောက်အနေနဲ့ ချစ်နေကြရပြီး stay Home နေနေရတာမို့ ဖြိုးလေးကတော့ အနေဝေးလို့ သွေးအေးမသွားအောင် ချစ်သူ ဝါဆိုမိုးဦးလေးကို အဝေးကနေ စကားလုံးလှလှလေးတွေနဲ့ ချုပ်လိုက်တာပါပဲနော်.ပရိသတ်ကြီး။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Phyo Lay’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.