Stay Home ကာလမွာ ဘယ္မွေလွ်ာက္မလည္ရေပမယ့္ ဖိုးဖိုးနဲ့တစ္လွည့္၊ ဖြားဖြားနဲ့တစ္လွည့္ေဆာ့ရင္း ေပ်ာ္ရႊင္ေနတဲ့ Liam ေလးရဲ့ ဗီဒီယို

Posted on

ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးရဲ့ ချစ်မဝတဲ့သမီးကြီး ယွန်းဝတီလွင်မိုးကတော့ ချစ်ရသူနဲ့အတူ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ဖန်တီးထားတာဖြစ်ပြီး အခုဆိုရင် သားသား Liam လေးပါ ရှိလာပြီမို့ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam ကလည်း မွေးကင်းစအရွယ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိခဲ့ပြီး အခုဆိုရင် ပရိသတ်တွေက မချစ်ပဲမနေနိုင်လောက်တဲ့အထိ စကားတွေကို တီတီတာတာပြောတတ်နေပြီပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ သူတို့ရဲ့ မပြီးပြတ်သေးတဲ့ ပညာတွေကို သင်ယူဖို့ သားလေးကို အဖိုးအဖွားတွေနဲ့ ထားရစ်ခဲ့ပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာပဲ ဖြစ်ပါတယ်။

Liam လေးကလည်း မိဘတွေနဲ့ ခွဲနေတယ်ဆိုပေမယ့် အဖိုးအဖွားတွေရဲ့ ဂရုစိုက်မှုကြောင့် တစ်နေ့တစ်ခြား ချစ်စရာကောင်းစွာနဲ့ ကြီးပြင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Liam လေးက Stay Home ကာလမှာမို့ အပြင်မထွက်ရလို့ အပြင်ဗဟုသုတတွေမရရှိပေမယ့် အိမ်ထဲမှာပဲနေရင်း ဖိုးဖိုးကြီးလွင်မိုးနဲ့တစ်လှည့်၊ ဖွားဖွားကြီးမေသူနဲ့တစ်လှည့် ဆော့ကစားရင်း သူ့ရဲ့ ကလေးဘဝလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

Liam လေးကတော့ အသက် (၂) နှစ်ကျော်ဆိုတဲ့ အရွယ်လေးနဲ့တင် အရမ်းချစ်စရာကောင်းပြီး စကားတွေလည်း အများကြီးပြေတတ်နေပြီပဲနော်။ ပရိသတ်ကြီးလည်း Liam လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အချစ်တွေပိုနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ C ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May Thu’s fb

zawgyi

ဝါရင့္သ႐ုပ္ေဆာင္ႀကီး လြင္မိုးရဲ႕ ခ်စ္မဝတဲ့သမီးႀကီး ယြန္းဝတီလြင္မိုးကေတာ့ ခ်စ္ရသူနဲ႔အတူ ေပ်ာ္စရာေကာင္းတဲ့ အိမ္ေထာင္ေရးကို ဖန္တီးထားတာျဖစ္ၿပီး အခုဆိုရင္ သားသား Liam ေလးပါ ရွိလာၿပီမို႔ ၿပီးျပည့္စုံတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားၿပီပဲ ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးရဲ႕ သားေလး Liam ကလည္း ေမြးကင္းစအ႐ြယ္ကတည္းက ပရိသတ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို ရရွိခဲ့ၿပီး အခုဆိုရင္ ပရိသတ္ေတြက မခ်စ္ပဲမေနႏိုင္ေလာက္တဲ့အထိ စကားေတြကို တီတီတာတာေျပာတတ္ေနၿပီပဲ ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးတို႔ ဇနီးေမာင္ႏွံကေတာ့ သူတို႔ရဲ႕ မၿပီးျပတ္ေသးတဲ့ ပညာေတြကို သင္ယူဖို႔ သားေလးကို အဖိုးအဖြားေတြနဲ႔ ထားရစ္ခဲ့ၿပီး ႏိုင္ငံျခားမွာ ေက်ာင္းသြားတက္ေနတာပဲ ျဖစ္ပါတယ္။

Liam ေလးကလည္း မိဘေတြနဲ႔ ခြဲေနတယ္ဆိုေပမယ့္ အဖိုးအဖြားေတြရဲ႕ ဂ႐ုစိုက္မႈေၾကာင့္ တစ္ေန႔တစ္ျခား ခ်စ္စရာေကာင္းစြာနဲ႔ ႀကီးျပင္းလာခဲ့ၿပီပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Liam ေလးက Stay Home ကာလမွာမို႔ အျပင္မထြက္ရလို႔ အျပင္ဗဟုသုတေတြမရရွိေပမယ့္ အိမ္ထဲမွာပဲေနရင္း ဖိုးဖိုးႀကီးလြင္မိုးနဲ႔တစ္လွည့္၊ ဖြားဖြားႀကီးေမသူနဲ႔တစ္လွည့္ ေဆာ့ကစားရင္း သူ႔ရဲ႕ ကေလးဘဝေလးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

Liam ေလးကေတာ့ အသက္ (၂) ႏွစ္ေက်ာ္ဆိုတဲ့ အ႐ြယ္ေလးနဲ႔တင္ အရမ္းခ်စ္စရာေကာင္းၿပီး စကားေတြလည္း အမ်ားႀကီးေျပတတ္ေနၿပီပဲေနာ္။ ပရိသတ္ႀကီးလည္း Liam ေလးရဲ႕ ဗီဒီယိုေလးကိုၾကည့္ၿပီး အခ်စ္ေတြပိုေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ C ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: May Thu’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.