“Stay Homeကာလလေးမှာ ပရိသ တ်တွေ အပျင်ြးေ ပဖို့ သူ့ရဲ့ဟာ သဗီဒီယိုဖိုင်လေးတစ်ခုကို တင် လာခဲ့တဲ့ အောင်မင်းခန့်”

Posted on

ပရိသတ်ကြီးရေ မင်းသားချော အောင်မင်းခန့်ကိုေ တာ့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ အောင်မင်းခန့် ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ေ အာင် သရုပ်ေ ဆာင် နိုင်သူ မင်းသားတစ် လက်ပဲဖြစ်ပါတ ယ်နော်. ။

“ဝိညာဉ်ရှိုက်သံ” “ထာဝရ မန္တလေး”နဲ့ “ပို၍လှသော မနက်ဖြန်”ဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေရဲ့ အသည်းခိုက်အောင် အားပေးရသူ မင်းသားတစ်လက်အဖြစ်နဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူ အောင်မင်းခန့်ကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်တိုင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ရိုးအေးပြီး အစားအသောက်ကြိုက်တတ်သူမို့ သူငယ်ချင်းဖြစ်သူတွေရဲ့ အစားစာချိန်မှာ ဆေးထိုး ဗီဒီယိုလေးတွေ ရိုက်တာခံရသူ အောင်မင်းခန့်ကတော့ စိတ်မဆိုးတဲ့အပြင် ပျော်ပျော်ရွှင်ရွှင်ပဲ သူငယ်ချင်းတွေနဲ့အတူ အချိန်ကုန်ဆုံးတတ်သူပါ.။

Tik Tok ဗီဒီယိုလေးတွေကိုလည်း သူငယ်ချင်းတွေဆော့တဲ့ အချိန်မှသာ ပါဝင်လေ့ရှိပြီး ဘယ်တော့မှ သူ့ဘာသာ Tik Tok ဆော့တာမျိုး မရှိသူ အောင်မင်းခန့်ကတော့ အောက်တိုဘာလ (၉)ရက်နေ့မှာတော့ Stay Home ကာလ ပရိသတ်တွေလည်း အပျင်းပြေဖို့ ပထမဆုံး ဆော့ခဲ့တဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို “TikTok မဆော့ဖူးဘူး အပျော်ပေါ့ ပျင်းလို့” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ကလေးလေးတစ်ယောက်အသံနဲ့အလိုက်ညီစွာ ပုံဖော်ထားတဲ့ အောင်မင်းခန့်ရဲ့ ပုံစံလေးကိုကြည့်မိသူ ပရိသတ်တိုင်း ပြုံးရယ်သွားစေမယ်ဆိုတာ အသေအချာပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း အောင်မင်းခန့်ရဲ့ ပထမဆုံး Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source: Aung Min Khant’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.