” Stay Homeကာလမှာ သိသိသာသာ ဝိတ်လျော့ကာ အကျိုးရျှိအာင်နေထိုင်နေတယ်ဆိုတဲ့ လိမ္မော်သီး “

Posted on




Source: Mi Mon Mon Thike

unicode

ပရိသတ်ကြီးရေ လိမ္မော်သီးကတော့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့အမျိုးသမီးအဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းတဲ့ လိမ္မော်သီးကတော့ မွန်မလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ MRTV-4 ဇာတ်လမ်းတွဲ မင်းသမီးလေး ဝေလာရီရဲ့ အမအရင်းလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ “ဟိုးအရင်က ကိုယ့်ရဲ့ ပေါင်ချိန်က ၉၅ 😬အဲ့ကနေမှ ၁၀၃ ပေါင်…အခု အသက် ၃၀ ပြည့်တော့ ပေါင်ချိန် ၁၃၂ ထိတက်သွားတယ်.. 🥴အသည်းအသန်ဝိတ်ပြန်ချ ရတယ်.. 😁ခုတော့ ပေါင်ချိန် ၁၁၂ စွန်းစွန်းလေးပြန်ဖြစ်။ပေါင်ချိန် ၁၁၀ ထိချမယ်စိတ်ကူးထားတယ်..ဘာလေ့ကျင့်ခန်းမှထွေထူးမလုပ်ဖြစ်ပါဘူး..အဓိကက ခါးလှည့်တယ်.. 💪🏽အိမ်ရှေ့လမ်းလျှောက်တယ်….🐕ကယ်လိုရီများတာတွေလျှော့စားတယ်…🖤Covid ကာလ Stayhome မှာ အကျိုးရှိအောင် ဝိတ်ချရတာပေါ့.. 🖤အားလုံးကျန်းမာ ပျော်ရွှင်ပါစေ ”ဆိုတဲ့စာလေးနဲ့ဝေမျှခဲ့တာပါ။

လိမ္မော်သီးကတော့ Stay Homeကာလမှာအကျိုးရှိအောင် ပြုလုပ်နေတာပါနော် Myanmar CeleCafeပရိသတ်တွေထဲမှာရော Stay Homeမှာဝိတ်ချနေတဲ့သူတွေရှိလား ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Mi Mon Mon Thike

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.