Song Hye Kyo အပါအဝင် နာမည်ကြီးဆယ်လီတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ပေါက်ကြား
ယူနီကုတ်ဖြင့်ဖတ်ရန်
ကိုရီးယားမှာရှိတဲ့ နာမည်ကြီး အနုပညာရှင် ဆယ်လီတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ပေါက်ကြားခဲ့ပါတယ်။ပေါက်ကြားရတဲ့ အဓိက တရားခံ တွေ ကတော့ အကောက်ခွန်ရုံး အရာရှိ တွေ ကြောင့်ပါ။ ဒီဇင်ဘာ(၁)ရက်နေ့ တုန်းက SBS ကနေ သတင်းတစ်ပုဒ် ထုတ်ပြန်လိုက်ပါတယ်။ SBS ရဲ့ သတင်းထုတ်ပြန်ချက်အရ နာမည်ကြီးဆယ်လီတွေရဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေ၊ဓါတ်ပုံတွေ ဟာ ပေါက်ကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအချက်အလက်တွေဟာအကောက်ခွန်အရာရှိ Mr Kim ဆိုသူနဲ့ သူ့ရဲ့ လုပ် ဖော်ကိုင် ဖက် တွေ ကြောင့်ပါ။သူတို့ တွေဟာ အင်ချွန်းနဲ့ Gimpo လေဆိပ်မှာ အလုပ်လုပ်ကြတာပါ။ Mr. Kim ဆိုတဲ့ သူကတော့ ပြီးခဲ့တဲ့ သြဂုတ်တုန်းက အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ဆက်နွယ်မှု ကြောင့် စုံစမ်း စစ်ဆေးမှုတွေ ခံယူခဲ့ရသူပါ။သတင်းအချက် အလက် ပေါက် ကြား ခဲ့ရတဲ့ နာမည်ကြီးတွေထဲမှာဆိုရင် ဘောလုံးသမားနဲ့ television personality ဖြစ်တဲ့ Ahn Jung Hwan ၊မင်းသမီး ဆောင်းဟေကို ၊Hyundai Motor ကုမ္ပဏီရဲ့ ဒု ဥက္ကဥ ဖြစ်သူ Jeong Ui Seon ၊အဆိုတော် Kim Tae Won ၊ ဂျပန် အမျိုးသား ဘောလုံးအသင်းရဲ့ Hidetoshi Nakata ၊ ကိုရီးယား-ဂျပန် စန္ဒရားပညာရှင် Yang Bang Ean တို့ ရဲ့ သတင်းအချက်အလက်တွေလည်း ပါဝင်ပါတယ်။
အချက်အလက်တွေကတော့ (၂၀၁၁-၂၀၁၅)တုန်းက စာရွက်စာတမ်း အချက်အလက်တွေပါ။ကိုရီးယား အ ကောက်ခွင်ရုံးအတွက် ဖြည့်ပေးထားတဲ့ အချက် အလက်တွေပါ။အဲ့ဒီအထဲမှာဆိုရင် သူတို့ရဲ့ Passport နံပါတ်၊မွေးေ န့၊ဖုန်းနံပါတ်၊အိမ်လိပ်စာ ..အစရှိတဲ့ အချက် အလက်တွေ ပါဝင်ပါတယ်။
အကောက်ခွန်ဘက်ကတော့ အဲ့ဒီ ဖောင်တွေကို သက်ဆိုင်ရာဉာန တစ်ခုကို စွန့်ပစ်ဖို့ ပြောထား ပြီး ဖြစ်ကြောင်း၊ကိုရီးယား အကောက်ခွန် ဘက်က ဒီလိုမျိုး အချက်အလက် ပေါက်ကြား မှု ဖြစ်တာဟာ မပေါက်ကြားပဲ ထိန်းသိမ်းရမယ့် အခွန် ကိစ္စ အပြင် တခြားအရာတွေကိုပါ စောင့်ထိန်းပေးရနမယ့် အကောက်ခွန် ဥပဒေကို ချိုးဖောက်လိုက်တာပါ။ပုဂ္ဂိုလ် ရေးအချက် အလက်တွေ ကို ပေါက်ကြား စေတဲ့ ဒီပြစ်မှု ဟာဆိုရင်တော့ အများဆုံး ထောင် ငါးနှစ် လောက်ကျ နိုင်ပါတယ်။ အကောက်ခွန် ဘက်ကနေ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ပါဝင် ပတ်သက်နေတဲ့ ဝန်ထမ်းတွေ ကို အပြစ် ပေးမယ်လို့ ထုတ်ပြန် ထားကြောင်း SBS က ရဲ့ သတင်း မှာ ဖော်ပြထားပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.