Song Hye Kyo ကို အသိမပေးပဲနဲ့ ကွာရှင်းခွင့်ကို လျှောက်ထားခဲ့တဲ့ Song Joong Ki

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်ဟာ ကွာရှင်းဖို့အတွက် တရားရုံးမှာ လျှောက်ထားတယ်ဆိုတာကို ပရိသတ်တွေ အတော်များများ သိထားပြီးသားပါ။

ဒါပေမယ့် ပရိသတ်တွေ မသိသေးတာတစ်ခုက ကွာရှင်းခွင့်ကို ဦးစွာလျှောက်ထားတဲ့သူက Song Joong Ki ဖြစ်တယ်ဆိုပေမယ့်လည်း ဒီလိုမျိုးလျှောက်ထားတယ်ဆိုတာကို သူ့အနေနဲ့ ဇနီးဖြစ်သူ Song Hye Kyo ကို အသိပေးခဲ့ခြင်းမရှိဘူးလို့ Song Joong Ki ရဲ့ အတွင်းသိတစ်ယောက်ထံမှ သတင်းကို Channel A က အတည်ပြုပြောခဲ့ပါတယ်။

Channel A ကနေထွက်ရှိလာတဲ့ သတင်းအရဆိုရင် Song Joong Ki ဟာ ကွာရှင်းခွင့်ကို ဇွန်လ ၂၆ ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပြီး အဲဒီနေ့ဟာ သူ Musical သွားကြည့်တဲ့နေ့နဲ့ တစ်နေ့တည်းဖြစ်ပါတယ်။

Song Joong Ki အနေနဲ့ ကွာရှင်းခွင့်ကို လျှောက်တဲ့အချိန်မှာ ဇနီးဖြစ်သူ Song Hye Kyo ကို အသိပေးခြင်းမရှိခဲ့တာကြောင့် သူမဟာ မီဒီယာတွေကနေ တက်လာတဲ့သတင်းတွေကနေမှတဆင့် ဖြစ်ရပ်တွေကို သိခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့တုန်းက Song Hye Kyo ဟာ ထိုင်းနိုင်ငံမှာ ရိုက်ကူးရေးလုပ်ဖို့အတွက် ရောက်ရှိနေတာဖြစ်ပြီး သတင်းကိုသိသိချင်းနောက်မှာတော့ ကိုရီးယားကိုအပြေးပြန်လာခဲ့တယ်လို့ မီဒီယာတစ်ချို့ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

Song Joong Ki အနေနဲ့ ဒီလိုမျိုးလုပ်ရတဲ့အကြောင်းအရင်းက ကွာရှင်းဖို့အတွက်လုပ်ငန်းစဉ်ကို အကြောင်းကြောင်းကြောင့် အနှောင့်အယှက်မဖြစ်စေပဲ မြန်မြန်ဆန်ဆန်နဲ့ ကိစ္စပြီးပြတ်စေချင်တာကြောင့်ဖြစ်မယ်လို့ အဆိုပါအတွင်းသိက သူ့အနေနဲ့ထင်မိကြောင်းကို ပြောခဲ့ပါတယ်။

“ဒီလိုမျိုးလုပ်ရတဲ့အကြောင်းအရင်းက သူတို့ရဲ့ အိမ်ထောင်ရေး (သို့မဟုတ်) ကွာရှင်းရတဲ့အကြောင်းအရင်းနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ခု လှည့်ဖျားပြီးတော့ပဲဖြစ်ဖြစ်၊ ကောလဟာလတွေပဲဖြစ်ဖြစ် ဖြန့်ဝေခြင်းရှိပါက Song Joong Ki က ဖြစ်ရပ်အမှန်တွေ အကုန်လုံးကိုထုတ်ဖော်မယ်လို့ Song Hye Kyo ကို သတိပေးလိုက်တာပါပဲ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် Song Joong Ki ဘက်က ဒီကွာရှင်းမယ့်လုပ်ငန်းစဉ်မှာ Song Hye Kyo ထံမှ မည်သည့် တရားရုံးစားရိတ်ကိုမျှ မတောင်းဆိုပဲ အတတ်နိုင်ဆုံး အမြန်အပြီးသတ်စေချင်နေတယ်လို့ သိရပါတယ်။

Seoul Family Court ကတော့ သူတို့ ၂ ယောက်ရဲ့ ကွာရှင်းမှုဟာ တစ်လအချိန်ကြာမယ်လို့ ခန့်မှန်းပေးထားပေးပြီး ဒီကြာတဲ့အချိန် ၁ လ အတွင်းမှာလည်း တရားရုံးကိုခေါ်ယူတာမျိုး ရှိမှမဟုတ်ဘူးလို့ ထုတ်ပြန်ပေးထားပါတယ်။

Ref : Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.