ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာတော့ ဒီသတင်းကြောင့် နောက်ဆက်တွဲ ဂယက်တွေ အများကြီးလည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေပါတယ်။ ဒီအကြောင်းကိုတော့ Ksta rlive မှာ ဖော်ပြထားတာပါ။ အရင်ဆုံး ထွက်လာတာတွေကတော့ သူတို့ကြားမှာ တတိယလူ ရှိနေ လားဆိုပြီး ပတ်ဘို ဂန် နဲ့ ဆောင်းဟေကို ကို စွပ်စွဲပြောဆိုတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလ တွေ ပါ။ ဆောင်း ဟေကို ကေ တာ့ သူမ ကို ကမ်းလှမ်းပြောဆိုထားတဲ့ ဇာတ်လမ်းတွဲ တစ်ခုကို ရိုက်ဖို့ ငြင်းဆိုလိုက်ပါတယ်။ အဲ့ဒီလိုပဲ ဆောင်ဂျွန် ကီကလည်း အနုပညာအလုပ်တွေကနေ ခဏ အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။ နောက်ဆုံး ထွက်လာတဲ့ သတင်းကတော့ ဆော င်းဟေကိုနဲ့ သူမလက်တွဲ လုပ်နေတဲ့ Brand တွေရဲ့ အကြောင်းပါ။
လက်ရှိဖြစ်နေတဲ့ ဆောင်းဟေကိုရဲ့ အိမ်ထောင်ရေးပြဿနာကြောင့် သူမနဲ့ လက်တွဲလုပ်နေတဲ့ Brand တစ်ချို့က ဆောင်းဟေကိုနေရာမှာ တခြားမော်ဒယ်တွေကို အစားထိုးဖို့ စဉ်းစားနေကြပါတယ်။ ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းရဲ့ နောက်ဆက်တွဲမှာ လူမှုရေးပြဿနာအရှုပ်အရှင်း ကောလာဟာလ တွေလည်း ဆက်တိုက် ထွက်ပေါ် နေတာကြောင့် ကြော်ငြာ မော်ဒယ် နေရာမှာ သူမအစား တခြားလူကို အစားထိုးဖို့ စဉ်း စား နေတာပါ။ Dyson ဆိုတဲ့ ကုမ္ပဏီ က တော့ နောက်လကစပြီး ကြော်ငြာ schedule တွေကို Edit လုပ်ဖို့ စီစဉ်နေ (ဒါမှမဟုတ်) ဆောင်းဟေကို နေရာမှာ တခြားမော်ဒယ်ကို အစားထိုးဖို့ စဉ်းစားနေတာပါ။
တစ်ဖက်မှာလည်း ဆောင်းဟေကိုနဲ့ (၁၈)နှစ်ကျော်လောက်လက်တွဲလုပ်လာတဲ့ Amore Pacific ကတော့ ဆောင်းေ ဟကိုနဲ့ပဲ ဆက်ပြီး လက်တွဲသွားမှာဖြစ်ပြီး တခြားမော်ဒယ်အစားထိုးဖို့ စိတ်ကူးမရှိဘူးလို့ Brand ရဲ့ ကိုယ်စားလှယ် တစ်ယောက်က ပြောပါတယ်။’ ကျတော်တို့ ဘက်ကတော့ ဆောင်းဟေကိုရဲ့ နေရာမှာ တခြားလူကို အစားထိုးဖို့ စိတ် ကူး မရှိပါဘူး။ကျတော်တို့ကုမ္ပဏီဘက်က သူမရဲ့ ပုဂ္ဂိုလ်ရေးကိစ္စကို ၀င်ပြီး စွက်ဖက်ဖို့ မလိုဘူးထင်ပါတယ်..” လို့ ပြောခဲ့ပါတယ်။ တခြားကုမ္ပဏီတွေဖြစ်တဲ့ နေကာမျက်မှန် brand Vedi Vero, ဖိနပ် Brand SUECOMMA BONNIE နဲ့ ICIS တို့ကတော့ အခုထိ ဘာမှ မပြောသေးပါဘူး။
Source-celenow