Ref : Allkpop
Unicode
နာမည်ကြီးဝါရင့် အမျိုးသား Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Super Junior ရဲ့အဖွဲ့ဝင်ဖြစ်သူ Kyuhyun ဟာဆိုရင် သူ့အနေနဲ့ SM Entertainment ရဲ့တည်ထောင်သူ Lee So Man အတွက် ဟင်းချက်ပြုတ်ပေးချင်ကြောင်းကို မနေ့ကထုတ်လွှင့်ပြသွားခဲ့တဲ့ Olive TV ရဲ့ ‘Home Cook Live’ အစီအစဉ်မှာထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။
အဆိုပါအစီအစဉ်မှာ Kyuhyun က သူ့ရဲ့ဟင်းချက်စွမ်းရည်ကိုပြသခဲ့ပြီးနောက် တင်ဆက်သူတွေက ဘယ်သူ့အတွက်ဟင်းချက်ပြုတ်ပေးချင်လဲလို့မေးရာမှာ SM Entertainment ရဲ့တည်ထောင်သူလည်းဖြစ်၊ ထုတ်လုပ်သူလည်းဖြစ်တဲ့ Lee So Man အတွက် ချက်ပြုတ်ပေးချင်ကြောင်း၊ သူ့အနေနဲ့ ဒီလိုအခွင့်အရေးမျိုးကိုလည်းရရှိလာနိုင်မယ်လို့ ထင်မိကြောင်း ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။
Super Junior အဖွဲ့ဟာ Lee So Man ရဲ့ဦးဆောင်လမ်းညွှန်မှုအောက်ကနေ ၂၀၀၅ ခုနှစ်တုန်းက ပွဲဦးထွက်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ သူတို့အဖွဲ့ရဲ့ပွဲထွက်သက်တမ်းက ၁၅ နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။
Ref : Allkpop