Single ဖြစ်နေတဲ့အချိန်ဆိုရင် ကိုယ့်ကိုကိုယ် ပိုသဖြစ်တယ် ဆိုတဲ့ သင်ဇာဝင့်ကျော်

Posted on

ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်လာတဲ့ သင်ဇာဝင့်ကျော်ဟာ အနုပညာအလုပ်များကို အဆက်မပြတ် ကြိုးကြိုးစားစား လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ဆက်စီမော်ဒယ်လ်တစ်ဦးအဖြစ်ပါ ပရိသတ်များကြား ရေပန်းစားလာတာကြောင့် မြန်မာတစ်ပြည်လုံးက ပရိသတ်များရဲ့ အားပေးထောက်ခံမှုများကို ပိုမိုရရှိလာခဲ့ပါတယ်။

Photo : Amazing Grace

သင်ဇာဝင့်ကျော်က အလုပ်များ ခေတ္တနားထားပြီး မော်ဒိုက်မှာ သွားရောက်အနားယူနေထိုင်စဉ်က သူမရဲ့ချစ်သူ နိုင်ငံခြားသားကို တရားဝင်ချပြခဲ့ပါတယ်။ ချစ်သူကို ဖော်ထုတ်ပြပြီးနောက် သူမတို့နှစ်ဦးရဲ့ ကြည်နူးနေတဲ့ ပုံရိပ်များကို မကြာခဏတွေ့မြင်လာရတာကြောင့် ပရိသတ်များ သဘောကျခဲ့ကြပါတယ်။ ဒါပေမယ့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ပြောပြခဲ့ရာမှာတော့ ပရိသတ်များ အံ့အားသင့်ခဲ့ရပါတယ်။

Photo : Amazing Grace

လက်ရှိမှာတော့ သင်ဇာတစ်ယောက် single အဖြစ်နဲ့သာ တည်ငြိမ်နေပြီး အရမ်းလှလာတယ်ဆိုတဲ့ အပေါ်မှာ အခုလို ပြောပြလာခဲ့ပါတယ်။

“မိန်းမတစ်ယောက်က ဟုတ်တယ် တစ်ယောက်တည်း ရှိနေတယ် single ဖြစ်နေတဲ့ အချိန်ဆိုရင် ကိုယ့်ကိုကိုယ် ပိုသဖြစ်တယ်။ ချစ်သူရှိတယ်ဆိုလို့ရှိရင် ကိုယ့်အတွက်လဲ စဉ်းစားရတယ်။ သူ့အတွက်လဲ စဉ်းစားရတယ်ဆိုတော့ အလှပြင်ဖို့အချိန် သိပ်မရှိဘူး။ အဲ့တာကြောင့်မို့လို့ မလှကြတာလို့ ထင်ပါတယ်။ ဒါပေမယ့်လဲ အရမ်းကောင်းတဲ့ ဘဲမျိုးနဲ့တွေ့ရင်၊ အရမ်းကောင်းတဲ့ အိမ်ထောင်ဘက်မျိုး တွေ့ရင်လဲ ဒီမိန်းမတစ်ယောက်က လှနိုင်တယ်။ ကိုယ့်အတွက်သာ မကောင်းမှသာ မလှချင် မလှတာ။ ဒါကတော့ ဒါ ကိုယ်ကြုံတွေ့ရတဲ့ သဘောလေးပေါ့နော်” ဆိုပြီး မီဒီယာများရဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

Single တစ်ဦးအဖြစ် ခံယူထားတဲ့ သင်ဇာရဲ့ ထင်မြင်ချက်လေးကို သိရတဲ့အတွက် ပရိသတ်များလည်း ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သဘောကျနှစ်သက်တယ်ဆိုရင် မှတ်ချက်လေးတွေ ပေးခဲ့ဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.