” Private account ကို အသုံးမျပဳေတာ့ဘဲ Deactivated လုပ္သြားခဲ့တဲ့ ေနျခည္ဦး”

Posted on

ပရိသတ်ကြီးရေ နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အဖြစ် လူသိများကျော်ကြားလာခဲ့သူ တစ်ယောက်ဖြစ်ပြီး ယောကျာ်းလေးပရိသတ်တွေသာမကမိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံမှုကိုပါ ရရှိနေသူတစ်ဦးပါ။ အမြဲပွင့်လင်းလွန်းတဲ့သူမဟာ အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးသစ်လေးတစ်လက်လည်း ဖြစ်ပါတယ်။

သူမ ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” ရန်သူ ” ဇာတ်ကားမှာလည်း ဝါရင့်သရုပ်ဆောင် မင်းသမီးချော ဝတ်မှုန်ရွှေရည်နဲ့အပြိုင် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာမို့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို တခဲနက်ရရှိခဲ့ပြီး နောက်ထပ်ဇာတ်ကားတွေများစွားလည်းရိုက်ကူးကာ အချိန်တိုအတွင်းမှာ မင်းသမီးအဖြစ် ပရိသတ်တွေ တခဲနက်အားပေးခံနေရသူပါ။နေခြည်ဦးဟာ ဇွဲကောင်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်ချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေ တစ်စထက် တစ်စပိုတိုးလို့ ရရှိနေပြီဆိုတာအမှန်ပါပဲနော်။

လတ်တလောမှာတော့ သူမအနေနဲ့ စိတ်ဓာတ်ကျ စရာတွေများစွာကြုံတွေ့နေရတဲ့အကြောင်းပရိသတ်တွေကို Live လွှင့်ပြောပြီးတဲ့နောက်မှာတော့ လက်ရှိမှာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာအကောင့် ကို Deactivated လုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ Beauty by naychi Page ကို ဆက်လက်အသုံးပြုနေပေမယ့် Private account ကို အသုံးမပြုတော့တဲ့ချီချီအတွက်ပရိသတ်တွေလည်း စိုးရိမ်နေကြတာပါ။ ပရိသတ်ကြီးလည်း ချီချီတစ်ယောက်သူမရဲ့အကောင့်ပြန်သုံးစေချင်ရင် မှတ်ချက်ပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Candy –MyanmarCele-Cafe
zawgyi



joez

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.