Positive လူနာတွေရှိရာ ရိုးမေ ဆာင်ကို ကိုယ် တိုင်သွားရော က်ခဲ့ရာမှ ကြုံဆုံ ခဲ့ရတဲ့ အရာတွေကို မျှဝေပေးလာတဲ့ ချစ်သုဝေ

Posted on

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမော င်နှံကတော့ စိတ် တူကိုယ်တူနဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင်သလို အများအကျိုးကို သယ်ပိုးဆောင်ရွက်နေသူတွေလည်း ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့က သမီးလေးတွေနာမည်နဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ထားပြီး အလှူရှင်တွေနဲ့အတူတူ လိုအပ်နေတဲ့နေရာလေးတွေကို ဖြည့်စွက်လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက သူမကိုယ်တိုင် ရိုးမရိပ်သာကို သွားရောက်ခဲ့ရင်း ကြုံဆုံခဲ့တာတွေကို အခုလိုပဲ ပြောလာပါတယ်။

“ဒီနေ့ ရိုးမဘက် အလှူ ကိုယ်တိုင်သွားခဲ့တယ်။ အဝတ်အခြောက်ခံစက် 9လုံး ရယ် scrub suit အစုံ120 ရယ်၊ အစား အသောက်တွေရယ်နဲ့ ဆရာနဲ့ လူကိုယ်တိုင်တွေ့ရတော့ထပ်လိုတာတွေလည်းသိခဲ့ရ။ ရေးချင်တာ ခုမှစမှာပါ။ ရိုးမယာယီဆေးရုံမှာတော်တော်ကို ဖြည့်ဆည်းပေးထားတာပါ airconတွေလည်းရှိနေပြီ။ ဆေးရုံအုပ် ဆရာကြီးနဲ့ပြောခွင့်ရလာတော့ လူနာတွေအဆင်ပြေစေဖို့ အဖက်ဖက်က စဉ်းစားပေးထားတာကို အားနာစွာနဲ့ပဲ ကြား လာရတယ်။ ဆေးလည်းကု နေရေးထိုင်ရေး ဝမ်းရေး စိတ်ချမ်းသာပျော်ရွှင်ရေး အရာရာကိုပါ စဉ်းစားပြီး ပြောပြနေတာ။ ထပ်ဖြည့်တင်းမယ့်အင်အားတွေရော အရာရာပေါ့။ တို့မြန်မာပြည်လေးက ငွေကြေးကြွယ်ဝတဲ့တိုင်းပြည်မဟုတ်ပေမယ့် နိုင်ငံတော်က အကောင်းဆုံးတွေလုပ်ပေး အလှူရှင်တွေက အင်ပြည့်အားပြည့်ဖြည့်တင်းနဲ့ တကယ့်ကို အံသြကြည်နူးစရာပါ”

“စေတနာတွေ ကူညီရိုင်းပင်းမှူတွေ မေတ္တာတွေ အင်မတန်မှ ချမ်းသာတာပါတကား။ ဒီတော့ ကိုယ်တွေဘာ လုပ်နိုင်မလဲ? Maskတပ်ပါ၊ စနစ်တကျတပ်ပါ၊ စကားပြောလည်းတပ်ပါ၊ အသက်ရှုကျပ်လည်းတပ်ပါ။ မေးမချိတ်ပါနဲ့၊တပ်ပြီးသေချာစွန့်ပစ်ပါ တစ်ခါသုံးေ တွဆို အသစ်လဲပါ။ ငါ့တပ်ထားတဲ့maskမှာပိုးတွေရှိတယ်လို့သာတွေးပါ။ လက်ကိုဆပ်ပြာနဲ့စက္ကန့်၂၀ကြာဆေးပါ၊ စိတ်ထဲသံ သယရှိတာနဲ့ဆေးပါ။ အိမ်အဝင်အထွက် လူရော ပစ္စည်းရောပိုးရှိသကဲ့သို့ ဆက်ဆံပါ၊ လူဆို အပြင်ကပြန်လာ ခေါင်းလျော် ရေချိုး တကိုယ်ရည်ပစ္စည်းတွေပိုးသတ်၊ အစားအေ သာက်အသုံးအဆောင် ဆေးဖြန်းလို့ရတာ ဖြန်း နေလှမ်း ဆပ်ပြာနဲ့ဆေးချလို့ရ တာဆေး၊ အစားအသောက် တွေကိုမရ ဘူးမှာစားမှာပဲဆိုရင် ပြန်နွှေး ပြန်ပေါင်းပြန်ကြော် ပြန်ပြုတ်။ ကိုယ်မမြင်ရတာဘာမှမယုံနဲ့.”

“သြော် သည်းခံရမယ်။ ဘယ်လိုသည်းခံရမလဲဆိုတော့ အစွမ်းကုန်သ ည်းခံရမယ်။ တကယ်ပါ ခုဟာကလေ ကိုယ့်နိုင်ငံ အတိုင်းအတာနဲ့ဖြည့်ဆည်းပေးတာတွေကမတရားကိုကောင်းမွန်တာပါ..ဘာကြောင့်ဆို လွန်ခဲ့တဲ့ 14နှစ် treza မြောက်ဉက္ကလာမှာ house surgeonဆင်းရတုန်းက အိပ်ရတဲ့ ကျောခင်းရတဲ့ အခန်းလေး အဲ…နေရာလေးဆိုပိုမှန် ပြချင်တယ်။ Postingတစ်ခုလုံးနေရတာနော် day night dutyတွေဆင်းပြီးရင် အဲ့အလုံပိတ် အခန်းထဲ…airconမရှိ ဆေးရုံ သံကုတင်ေ လး အခန်းတံခါးလေး ဖွင့်ရင် အိမ်သာ အနံေးတွေက ကြူကြူမွှေး😄 အဲ ကိုယ်လည်း အဲ့ အိမ်သာ ရေချိုးခန်း လူနာwardထဲကဟာ ပဲသုံးရတာပဲ..မောပမ်းလွန်း ဘယ်လိုအိပ်ပျော်မှန်းမသိ ခြင်ထောင်လေး မထောင်မိရင် ခြင် အချီမခံသွားရတာကံကောင်း🤣😝 NAလာရင် ကောက်ထ..ဖယောင်တိုင်နဲ့ injectionလိုက်ထိုး… အဟေး..ပြောရင်းတောင်အရမ်းလွမ်းသွားပြီ…

တော်သေးပြီ..” ဆိုပြီး ပြောလာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.