“My Husband in Law” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုတွေဆက်လက်မြင့်တက်လျှက်ရှိတဲ့ Mark Prin နဲ့ Mew Nittha

Posted on




Ref : Thai Update

Unicode

ပြီးခဲ့တဲ့ရက်သတ္တပတ် နှစ်ပတ်လောက်တုန်းက Thai TV3 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြီးစီးသွားခဲ့တဲ့ “My Husband in Law” ဇာတ်လမ်းတွဲဟာဆိုရင် ထိုင်းနိုင်ငံအတွင်းမှာ ကြည့်ရှုနှုန်းစံချိန်တင်ရတဲ့အထိကို အောင်မြင်လူကြိုက်များခဲ့တဲ့အပြင် အာရှဒေသတွင်းနိုင်ငံတွေမှာလည်း အောင်မြင်လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲတစ်တွဲဖြစ်ပါတယ်။

ဒီလိုမျိုးဇာတ်လမ်းတွဲရဲ့အောင်မြင်မှုအရှိန်ဟာ ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ မင်းသား Mark Prin နဲ့ မင်းသမီး Mew Nittha တို့ကိုလည်း ပရိသတ်တွေပိုမိုတိုးပွားလို့လာစေတာကို‌ တွေ့ရပါတယ်။ ကောက်ယူထားတဲ့ စစ်တမ်းအရဆိုရင် Mark Prin ရဲ့ Instagram Follower အရေအတွက်ဟာ အခုဇွန်လအတွင်းမှာတင် ၁သိန်းခွဲကျော်မြင့်တက်လို့လာခဲ့ပြီး Mew Nittha ရဲ့ Instagram Follower အရေအတွက်ဟာဆိုရင်လည်း ၁သိန်း ၇သောင်းနီးပါးမြင့်တက်လာတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ Mark Prin ဟာ မင်းသမီး Taew Natapohn နဲ့အတူ “Game Lah Torrachon” လို့အမည်ရတဲ့ ဇာတ်လမ်းတွဲအသစ်ကိုရိုက်ကူးလျှက်ရှိနေပြီး Mew Nittha ကတော့ မင်းသား James Ma နဲ့ “Duang Tah Tee Sarm” ဆိုတဲ့ဒရမ်မာဇာတ်လမ်းတွဲကို ရိုက်ကူးလျှက်ရှိတယ်လို့ သိရပါတယ်။

Ref : Thai Update

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.