Mew Nittha နဲ႔ အလိုက္ဖက္ဆုံးေသာ အမ်ိဳးသားသ႐ုပ္ေဆာင္မ်ား

Posted on

ထိုင္းႏိုင္ငံရဲ႕နာမည္ေက်ာ္မင္းသမီးတစ္လက္ျဖစ္တဲ့ Mew Nittha ကိုေတာ့ ျမန္မာပရိသတ္ေတြက “My Husband In Law” ဇာတ္လမ္းတြဲထဲက “ေမ” ဆိုတဲ့ဇာတ္ေကာင္နဲ႔ ရင္းႏွီးၾကၿပီးျဖစ္မယ္လို႔ ထင္ပါတယ္။ Mew ဟာ သ႐ုပ္ေဆာင္ေလာကထဲကို လြန္ခဲ့တဲ့ ၇ ႏွစ္တုန္းက စတင္ဝင္ေရာက္ခဲ့တာျဖစ္တာေၾကာင့္ ဒီ ၇ ႏွစ္အတြင္းမွာ သူမနဲ႔အတူတြဲဖက္႐ိုက္ကူးခဲ့တဲ့ သ႐ုပ္ေဆာင္မင္းသားေတြဆိုတာ အမ်ားသားပါ။ ဒါေပမယ့္လည္း အခုတင္ဆက္ေပးမယ့္ မင္းသား (၃) လက္ကေတာ့ သူမနဲ႔ အလိုက္ဖက္ဆုံးေသာမင္းသားေတြရယ္လို႔ သတ္မွတ္ခံထားရသူေတြ ျဖစ္ၾကပါတယ္။

Pope Thanawat

Mew တစ္ေယာက္ မင္းသမီးအျဖစ္စတင္ပြဲထြက္ခဲ့တဲ့ဇာတ္ကားကေတာ့ ၂၀၁၃ ခုႏွစ္တုန္းကျပသခဲ့တဲ့ “Suparburoot Jutathep: Khun Chai Pawornruj” ဇာတ္လမ္းတြဲျဖစ္ၿပီး အဆိုပါဇာတ္လမ္းတြဲထဲမွာဆိုရင္ သူမဟာ မင္းသား Pope Thanawat နဲ႔အတူတြဲဖက္သ႐ုပ္ေဆာင္ခဲ့ရတာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ Pope Thanawat ဟာ Mew နဲ႔ လိုက္ဖက္အညီဆုံးေသာ မင္းသားတစ္လက္အျဖစ္ သတ္မွတ္ခံခဲ့ရတာ ေတြ႕ရပါတယ္။

Ter Chantavit

ေနာက္ထပ္မင္းသားတစ္လက္ကေတာ့ Ter Chantavit ျဖစ္ၿပီး သူတို႔ႏွစ္ဦးဟာဆိုရင္ေတာ့ ၂၀၁၆ ခုႏွစ္တုန္းက႐ိုက္ကူးခဲ့တဲ့ “One Day” ႐ုပ္ရွင္ဇာတ္ကားမွာေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး အဆိုပါ႐ုပ္ရွင္ဇာတ္ကားဟာဆိုရင္လည္း အဲဒီအခ်ိန္တုန္းက ေအာင္ျမင္မႈေတြရရွိခဲ့တဲ့႐ုပ္ရွင္ကားတစ္ကား ျဖစ္ခဲ့ပါတယ္။

Mark Prin

ျမန္မာပရိသတ္ေတြရဲ႕အႀကိဳက္နဲ႔ထပ္တူက်ၿပီး ေအာင္ျမင္ခဲ့တဲ့ “My Husband In Law” ဇာတ္လမ္းတြဲထဲမွာတာ့ မင္းသား Mark Prin နဲ႔အတူ လိုက္ဖက္ညီစြာသ႐ုပ္ေဆာင္ႏိုင္ခဲ့ၿပီး ဒီဇာတ္လမ္းတြဲဟာဆိုရင္ ထိုင္းနဲ႔ျမန္မာမွာတင္မက အာရွႏိုင္ငံေတြမွာပါေအာင္ျမင္မႈသရဖူေတြေဆာင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ တကယ္ေတာ့ Mark နဲ႔ Mew တို႔ႏွစ္ဦးဟာ ဒီဇာတ္ကားက်မွစတင္တြဲဖက္သ႐ုပ္ေဆာင္ၾကတာမဟုတ္ပဲ ၂၀၁၇ ခုႏွစ္တုန္းက ထုတ္လႊင့္ျပသခဲ့တဲ့ Rak Nakara ဇာတ္လမ္းတြဲမွာ ပထမဆုံးေတြ႕ဆုံၿပီးအလုပ္အတူတြဲလုပ္ခဲ့ၾကဖူးသူေတြပါ။ ဒါေပမယ့္ Mew က အဲဒီဇာတ္ကားထဲမွာေတာ့ ဗီလိန္ဇာတ္ေကာင္အျဖစ္နဲ႔ ပါဝင္ခဲ့တာျဖစ္ပါတယ္။

Ref : Thai Update

Unicode

ထိုင်းနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Mew Nittha ကိုတော့ မြန်မာပရိသတ်တွေက “My Husband In Law” ဇာတ်လမ်းတွဲထဲက “မေ” ဆိုတဲ့ဇာတ်ကောင်နဲ့ ရင်းနှီးကြပြီးဖြစ်မယ်လို့ ထင်ပါတယ်။ Mew ဟာ သရုပ်ဆောင်လောကထဲကို လွန်ခဲ့တဲ့ ၇ နှစ်တုန်းက စတင်ဝင်ရောက်ခဲ့တာဖြစ်တာကြောင့် ဒီ ၇ နှစ်အတွင်းမှာ သူမနဲ့အတူတွဲဖက်ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်မင်းသားတွေဆိုတာ အများသားပါ။ ဒါပေမယ့်လည်း အခုတင်ဆက်ပေးမယ့် မင်းသား (၃) လက်ကတော့ သူမနဲ့ အလိုက်ဖက်ဆုံးသောမင်းသားတွေရယ်လို့ သတ်မှတ်ခံထားရသူတွေ ဖြစ်ကြပါတယ်။

Pope Thanawat

Mew တစ်ယောက် မင်းသမီးအဖြစ်စတင်ပွဲထွက်ခဲ့တဲ့ဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်တုန်းကပြသခဲ့တဲ့ “Suparburoot Jutathep: Khun Chai Pawornruj” ဇာတ်လမ်းတွဲဖြစ်ပြီး အဆိုပါဇာတ်လမ်းတွဲထဲမှာဆိုရင် သူမဟာ မင်းသား Pope Thanawat နဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Pope Thanawat ဟာ Mew နဲ့ လိုက်ဖက်အညီဆုံးသော မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရတာ တွေ့ရပါတယ်။

Ter Chantavit

နောက်ထပ်မင်းသားတစ်လက်ကတော့ Ter Chantavit ဖြစ်ပြီး သူတို့နှစ်ဦးဟာဆိုရင်တော့ ၂၀၁၆ ခုနှစ်တုန်းကရိုက်ကူးခဲ့တဲ့ “One Day” ရုပ်ရှင်ဇာတ်ကားမှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားဟာဆိုရင်လည်း အဲဒီအချိန်တုန်းက အောင်မြင်မှုတွေရရှိခဲ့တဲ့ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။

Mark Prin

မြန်မာပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျပြီး အောင်မြင်ခဲ့တဲ့ “My Husband In Law” ဇာတ်လမ်းတွဲထဲမှာတာ့ မင်းသား Mark Prin နဲ့အတူ လိုက်ဖက်ညီစွာသရုပ်ဆောင်နိုင်ခဲ့ပြီး ဒီဇာတ်လမ်းတွဲဟာဆိုရင် ထိုင်းနဲ့မြန်မာမှာတင်မက အာရှနိုင်ငံတွေမှာပါအောင်မြင်မှုသရဖူတွေဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ Mark နဲ့ Mew တို့နှစ်ဦးဟာ ဒီဇာတ်ကားကျမှစတင်တွဲဖက်သရုပ်ဆောင်ကြတာမဟုတ်ပဲ ၂၀၁၇ ခုနှစ်တုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ Rak Nakara ဇာတ်လမ်းတွဲမှာ ပထမဆုံးတွေ့ဆုံပြီးအလုပ်အတူတွဲလုပ်ခဲ့ကြဖူးသူတွေပါ။ ဒါပေမယ့် Mew က အဲဒီဇာတ်ကားထဲမှာတော့ ဗီလိန်ဇာတ်ကောင်အဖြစ်နဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Ref : Thai Update

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.