မနေ့ကထုတ်လွှင့်ပြသခဲ့တဲ့ Master Chef ပြိုင်ပွဲနဲ့ ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာ ပွဲဆူခဲ့ကြပါတယ်။ အရင်နှစ်က ဒိုင်တွေရဲ့ လုပ်ရပ်တချို့ ကို မြန်မာတနိုင်ငံလုံးက အုံလိုက်ကျင်းလိုက်ဝေဖန်ခဲ့ကြလို့ ဒီနှစ်မှာ ပြုပြင်ပြောင်းလဲသွားမယ်လို့အားလုံးကမျှော်လင့်ခဲ့ကြပေမယ့် မနေ့ကပြကွက်တွေကြောင့် ဝင်ဝင်ခြင်းဆောက်နဲ့ထွင်းသလိုဖြစ်ခဲ့ရတာပါ။ နိုင်ငံကျော် တေးသံရှင်ကြက်ဖကတော့ သူ့အမြင်ကို လူမှုကွန်ရက်ကနေ အခုလိုပြောပြလာပါတယ်။
”ဆရာတို့ Channels တွေ
{ပါဝင်တဲ့ Performersတွေအားလုံးနဲ့.ဒါကို လွှင့်သင့်တယ်လို့ထင်တဲ့သူအားလုံးကိုဆိုလိုပါတယ်၊ အဲ့လိုမလွှင့်သင့်ဘူးထင်ပေမယ့် မတတ်သာတဲ့သူတွေ(ကြားထဲက မျက်နှာပူရသူတွေ)ကိုတော့ မဆိုလိုပါဘူး}
မိုက်ရိုင်းလိုက်ကြတာဗျာ
အစက illegal medias တစ်ချို့ပဲ ဒါမျိုးလုပ်ကြတာ..ခု ဆရာတို့ စံပြ Channels တွေကပါမစောင့်ထိန်းကြတော့ဘူးလား.. ဆရာတို့ ပိုက်ဆံရဖို့ တစ်လှေတည်းစီးကြသူချင်း(သူတို့လာမပြိုင်ရင် ဆရာတို့ ပြဖို့ ဒီ programရိုက်လို့မရဘူးဆရာတို့…လာပြိုင်သူတွေဟာလည်း ဆရာတို့ အပေါ်ကျေးဇူးရှိတယ်ဆရာတို့..သူတို့ကြောင့် ဒီ programကတစ်ဆင့် ငွေကြေးရကြတာပါ)
အရင်က illegal medias တွေ channels တွေ အင်တာဗျူးလာမေးမယ်ဆိုမှ၊program လာရိုက်မယ်ဆိုမှ.ကျွန်တော်သတိထားတယ်..ခုတော့ ဘယ် official medias,channels မဆို.ကျွန်တော် အနုပညာသမားတစ်ယောက်အနေနဲ့ အရင်ကထက်သတိကြီးစွာထားရပါတော့မယ်..
အခုအရှက်ခွဲခံရတဲ့အစ်ကိုရေ.ဘာမှ စိတ်ထဲမထားနဲ့အစ်ကို..ကျွန်တော်တို့လို အနုပညာသမားဆိုတဲ့ကောင်တွေရှင်သန်ရတဲ့
အနုပညာလောကဆိုတာက အဲ့လိုပဲဗျ…နောက်မပတ်သတ်နဲ့ဗျ..(ပြုသူအသစ်၊ဖြစ်သူအဟောင်းပေါ့ဗျာ..ဝဋ်ကြွေးရှိလို့ခံရတယ်ပဲသဘောထားပါ.)
.သြော်တစ်ခုပြောဦးမယ်..ခုလို အပြောခံရတော့လည်း နာမည်ကြီးတာပေါ့လို့ ပြောတဲ့လူတွေတွေ့ရင် နာမည်၊ လိပ်စာ၊မှတ်ပုံတင်နံပါတ်နဲ့ လိုင်စင်ဓာတ်ပုံနှစ်ပုံပါကျေးဇူးပြုပြီးတောင်းထားပေးပါ..
သူတို့ပေးတဲ့အကြံကောင်း၊အားပေးတဲ့နှစ်သိမ့်မှုကောင်းတွေအတွက် သူတို့ကိုနာမည်ကြီးအောင်ပြန်ကျေးဇူးဆပ်ချင်လို့ပါ..Program အရမ်းကောင်းလို့
ခံစားရတယ်ဗျာ….ခွီးတဲ့မှပဲ…”လို့ရေးသားထားတာပါ ။ ပရိသတ်ကြီးလည်း က်ြဖ ရဲ့အမြင်အတွက် မှတ်ချက်ပေးခဲ့ပါဦးနော်။
Source –
Noe Noe May Ju Ju