Marvel Super Heroတယောက်ကို ကို Crush နေတယ်လို့ဝန်ခံလိုက်တဲ့ Selena Gomez

Justin Bieber နဲ့ Selena Gomez ရဲ့ ဆယ်စုနှစ်တစ်ခုကြာအချစ်ဇာတ်လမ်းကလည်း ရပ်တန့်သွားခဲ့ပြီဖြစ်ပြီး JB ကလည်း Hailey နဲ့ အိမ်ထောင်တစ်ခုတည်ထောင်ပြီး ပျော်ရွှင်နေပြီဆိုတော့ ပရိသတ်တွေက Selena ကလည်း နောက်ထပ်အချစ်သစ်မရသေးဘူးလားလို့စိုးရိမ်နေကြပါတယ်။

Selena က ချစ်သူအသစ်နဲ့ ကောင်လေးအသစ်နဲ့ Disney Land သွားတယ် ဟိုသွားတယ် ဒီသွားတယ်၊ hiking ထွက်တယ်ဆိုတဲ့ သတင်းတွေက မီဒီယာတွေပေါ်တက်လာနေကျဖြစ်ပေမယ့်လည်း

တကယ်တမ်း Selena ရဲ့ချစ်သူအသစ်က ဘယ်တော့မှပေါ်မလာခဲ့သလို ပါပါရာဇီတွေရဲ့ဓာတ်ပုံတွေထဲက Selena ရဲ့ ချစ်သူဆိုတာကလည်း အမြဲတမ်းပြောင်းလဲနေတာတွေ့ရပါတယ်။ ပရိသတ်တွေကတော့ Selena မှာချစ်သူအသစ်အတည်တကျမရှိသေးဘူးလို့ပဲမှတ်ယူထားခဲ့ကြတာပါ။

 

 

တကယ်တော့ Justin က ရည်းစားတွေများပြီးခဏခဏသစ္စာဖောက်တယ်လို့ပြောနေကြပေမယ့်လည်း Selena ဟာလည်း ခေသူမဟုတ်လို့ပြောရလောက်အောင်ချစ်သူတွေအများကြီးထားခဲ့ဖူးသူပါ။

Selena ခဏတာတွဲခဲ့ဖူးသူတွေထဲမှာ Taylor Lautner လို Charlie Puth လို နာမည်ကြီးအဆိုတော်မင်းသားတွေပါပေမယ့်လည်း Selena အတည်တကျအချိန်တွေအကြာကြီး သူမဘဝတစ်လျှောက်လုံးတွဲခဲ့ပြီးချစ်ခဲ့တဲ့သူဆိုလို့ Justin Bieber တစ်ယောက်ပဲရှိခဲ့တယ်လို့ဆိုရမှာပါ။

 

 

အခုတော့ Selena ချစ်သူအသစ်ရနေပြီလားလို့ သိချင်နေကြတဲ့ပရိသတ်တွေအတွက် စိတ်ဝင်စားစရာသတင်းတွေထွက်လာပါပြီ။ လတ်တလောနိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်ဒ်တွေမှာဖော်ပြလာတဲ့ သတင်းကတော့ Selena က Chris Evans ကို ကြွေနေတယ်ဆိုတဲ့သတင်းပါပဲ။

 

 

Marvel ရဲ့ Captain America အဖြစ်နှစ်ပေါင်းများစွာသရုပ်ဆောင်ခဲ့ပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လူပျိုကြီး Chris Evans ဟာ ဆွဲဆောင်မှုရှိလွန်းပြီး တစ်ကမ္ဘာလုံးက မိန်းကလေးတွေရဲ့အသည်းကို ဆွဲကိုင်ယူထားနိုင်သူဖြစ်လို့ Selena က crush တယ်ဆိုရင်လည်းအပြစ်တော့မဆိုသာပါဘူး။ သတင်းတွေအရ Selena ရဲ့စိတ်ထဲမှာ Chris က အချိန်တွေအကြာကြီးရှိနေခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် သိပ်မကြာခင်နှစ်တွေတုန်းက Chris က Selena နဲ့ LA က ဘားတစ်ခုမှာ အကြိမ်အနည်းငယ်ဒိတ်ခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေနဲ့ ဓာတ်ပုံတွေထွက်လာပါသေးတယ်။ ဒါပေမယ့်အဲဒီလိုသတင်းတွေထွက်ပြီးမကြာခင်မှာပဲ Justin က Selena ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်လာခဲ့ပါတယ်။

 

 

အခုတော့ Selena က Chris ကိုကြွေနေတဲ့အကြောင်း Public မှာအတိအလင်းဝန်ခံလာခဲ့ပါပြီ။ 2015 တုန်းကလည်း Selena က Chris က သူ့ရဲ့Celebrity Crush ပါလို့ဖြေခဲ့ဖူးပြီး Watch What Happens Live မှာ Selena က Chris က အရမ်းချစ်ဖို့ကောင်းတယ်လို့ မထိန်းနိုင်တော့ပဲဖွင့်ပြောခဲ့ပါတယ်။ Selena က “ကျွန်မ Chris Evans ကိုကြွေနေပါတယ်။ သူက ချစ်ဖို့မကောင်းဘူးလား ချစ်ဖို့ကောင်းတယ်နော်”လို့ရယ်မောပြီးပြောသွားခဲ့တာပါ။ လူပျိုကြီး Chris ကလည်း သိပ်မကြာခင်အချိန်တွေကအထိ Selena ရဲ့ဖျော်ဖြေပွဲတွေကို လိုက်အားပေးခဲ့တယ်လို့လည်းသိရတာမို့ ပရိသတ်တွေကတော့ Chris နဲ့ Selena ကို သဘောတွေတူနေကြပါပြီ။

့ပရိသတ်ကြီးရော Captain America တဖြစ်လဲ Chris Evans နဲ့ Selena Gomez ကို သဘောတူကြလား။ ပြောခဲ့ကြပါဦး။

 

လေးစားစွာဖြင့် ခရစ်ဒက် — nanmalgyi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.