‘Love Scenario’ ရဲ႕ Dance Practice Poster မွာ ဖ်က္ထုတ္ခံထားရတဲ့ B.I

Posted on

နာမည္ေက်ာ္ ကိုရီးယားအမ်ိဳးသားအဆိုေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ iKON ရဲ႕ ေအာင္ျမင္မႈေတြအမ်ားဆုံးရရွိခဲ့တဲ့ သီခ်င္းေတြထဲမွာ ‘Love Scenario’ ဟာဆိုရင္ ထိပ္ဆုံးကပါဝင္ေနတဲ့သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။ iKON ရယ္လို႔ ႏိုင္ငံတကာပရိသတ္ေတြရဲ႕အားေပးလက္ခံမႈကိုရရွိေစခဲ့တဲ့ ဒီသီခ်င္းရဲ႕ Dance Practice Video ဟာဆိုရင္ အခုလက္ရွိမွာ ၾကည့္ရႈသူသန္း ၁၀၀ေက်ာ္သြားခဲ့ၿပီျဖစ္ၿပီး ဒီလိုမ်ိဳးေအာင္ျမင္မႈကိုဂုဏ္ျပဳတဲ့အေနနဲ႔ iKON ရဲ႕ေအဂ်င္စီျဖစ္တဲ့ YG Entertainment ကေနၿပီးေတာ့ ပိုစတာတစ္ပုံတင္ေပးခဲ့ပါတယ္။

အဲဒါကေတာ့ iKON အဖြဲ႕ဝင္ေတြအကုန္လုံး ဒီသီခ်င္းရဲ႕အကကို ေလ့က်င့္ေနတဲ့ပုံျဖစ္ၿပီး အဆိုပါပုံဟာဆိုရင္ iKON ရဲ႕ပရိသတ္ေတြအတြက္သာမက K-pop ကိုႀကိဳက္ႏွစ္သက္ၾကတဲ့ပရိသတ္ေတြအတြက္ပါ မခံမရပ္ႏိုင္စရာျဖစ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ ပုံထဲမွာလက္ရွိ iKON အဖြဲ႕ဝင္ ၆ ေယာက္သာပါဝင္ၿပီး ‘Love Scenario’ ရဲ႕ဖန္တီးသူလည္းျဖစ္၊ iKON ရဲ႕အဖြဲ႕ေခါင္းေဆာင္တာဝန္ကိုလည္းယူခဲ့ရသူလည္းျဖစ္တဲ့ B.I မပါဝင္တဲ့အတြက္ေၾကာင့္ပါပဲ။

B.I ဟာဆိုရင္ iKON ရဲ႕လက္ရွိလူႀကိဳက္မ်ားေနတဲ့ သီခ်င္းေတြအကုန္လုံးနီးပါးကို ဖန္တီးေပးခဲ့သူျဖစ္တဲ့အျပင္ ‘Love Scenario’သီခ်င္းနဲ႔ အေကာင္းဆုံးေတးေရးဆရာဆုကိုလည္းရရွိခဲ့ကာ iKON ရယ္လို႔ျဖစ္လာဖို႔အတြက္ သူ႔ရဲ႕ငယ္စဥ္ဘ၀အခ်ိန္ေတြအကုန္လုံးကိုရင္းႏွီးၿပီး ႀကိဳးစားအားထုတ္ခဲ့သူလည္းျဖစ္ပါတယ္။

B.I ဟာ လက္ရွိအခ်ိန္မွာ iKON ရဲ႕အဖြဲ႕ဝင္တစ္ေယာက္မဟုတ္ေတာ့ဘူးဆိုေသာ္ျငားလည္း ‘Love Scenario’ ထြက္ရွိခ်ိန္ ၂၀၁၈ ခုႏွစ္တုန္းက အဖြဲ႕မွာရွိေနခဲ့တာျဖစ္တာေၾကာင့္ အခုလိုမ်ိဳးပုံထဲမွာ ဖ်က္ထုတ္ခံထားရတာဟာ ပရိသတ္ေတြအေနနဲ႔ YG Entertainment ရဲ႕လုပ္ရပ္ကို ျပစ္တင္ရႈံ႕ခ်မႈေတြျဖစ္ေစခဲ့ပါတယ္။ ဒါေပမယ့္လည္း B.I ရဲ႕ႀကိဳးစားမႈ၊ ေအာင္ျမင္မႈေတြကို #ThankYouHanbin ဆိုတဲ့စာနဲ႔ အသိအမွတ္ျပဳေဖာ္ျပခဲ့ၿပီး ထိုစာဟာဆိုရင္ ကို Twitter မွာ Trend ျဖစ္သြားခဲ့တာကို ေတြ႕ရပါတယ္။

B.I ဟာ လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္တုန္းက မူးယစ္ေဆးဝယ္ယူသုံးစြဲခဲ့တယ္ဆိုတဲ့သတင္းေတြဟာ ၂၀၁၉ ခုႏွစ္ ဇြန္လမွာ ထြက္ရွိလာခဲ့ၿပီး ဒီလိုမ်ိဳးသတင္းေတြထြက္ၿပီးရက္ပိုင္းအတြင္းမွာပဲ B.I တစ္ေယာက္ iKON ကေနထြက္ခြာသြားခဲ့ကာ YG Entertainment ဘက္ကေနလည္း စာခ်ဳပ္ကိုဖ်က္သိမ္းခဲ့ပါတယ္။

ဒါေၾကာင့္ B.I ကို စစ္ေဆးေမးျမန္းမႈေတြ ၁ ႏွစ္နီးပါးမွ်ျပဳလုပ္ခဲ့ၿပီး အဲဒီေနာက္မွာေတာ့ B.I ဟာ မူးယစ္ေဆးသုံးစြဲထားျခင္းမရွိေၾကာင္း သက္ေသေတြထြက္ေပၚလာခဲ့တဲ့အတြက္ အခုဆိုအမႈကိုအၿပီးတိုင္ပိတ္သိမ္းလိုက္ၿပီျဖစ္ပါတယ္။ ဒါေပမယ့္ B.I ကေတာ့ ဒီေန႔အခ်ိန္ထိ အမ်ားျပည္သူရဲ႕ျမင္ကြင္းအေရွ႕ကို ထြက္ေပၚလာျခင္းမရွိေသးပဲ လိုအပ္မႈေတြရွိေနတဲ့ေနရာေတြမွာ လႉဒါန္းမႈေတြျပဳလုပ္ၿပီး သီခ်င္းအသစ္ေတြဖန္တီးေနတယ္လို႔ သိရပါတယ္။

Ref : KStarLive

Unicode

နာမည်ကျော် ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ iKON ရဲ့ အောင်မြင်မှုတွေအများဆုံးရရှိခဲ့တဲ့ သီချင်းတွေထဲမှာ ‘Love Scenario’ ဟာဆိုရင် ထိပ်ဆုံးကပါဝင်နေတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ iKON ရယ်လို့ နိုင်ငံတကာပရိသတ်တွေရဲ့အားပေးလက်ခံမှုကိုရရှိစေခဲ့တဲ့ ဒီသီချင်းရဲ့ Dance Practice Video ဟာဆိုရင် အခုလက်ရှိမှာ ကြည့်ရှုသူသန်း ၁၀၀ကျော်သွားခဲ့ပြီဖြစ်ပြီး ဒီလိုမျိုးအောင်မြင်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ iKON ရဲ့အေဂျင်စီဖြစ်တဲ့ YG Entertainment ကနေပြီးတော့ ပိုစတာတစ်ပုံတင်ပေးခဲ့ပါတယ်။

အဲဒါကတော့ iKON အဖွဲ့ဝင်တွေအကုန်လုံး ဒီသီချင်းရဲ့အကကို လေ့ကျင့်နေတဲ့ပုံဖြစ်ပြီး အဆိုပါပုံဟာဆိုရင် iKON ရဲ့ပရိသတ်တွေအတွက်သာမက K-pop ကိုကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေအတွက်ပါ မခံမရပ်နိုင်စရာဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ပုံထဲမှာလက်ရှိ iKON အဖွဲ့ဝင် ၆ ယောက်သာပါဝင်ပြီး ‘Love Scenario’ ရဲ့ဖန်တီးသူလည်းဖြစ်၊ iKON ရဲ့အဖွဲ့ခေါင်းဆောင်တာဝန်ကိုလည်းယူခဲ့ရသူလည်းဖြစ်တဲ့ B.I မပါဝင်တဲ့အတွက်ကြောင့်ပါပဲ။

B.I ဟာဆိုရင် iKON ရဲ့လက်ရှိလူကြိုက်များနေတဲ့ သီချင်းတွေအကုန်လုံးနီးပါးကို ဖန်တီးပေးခဲ့သူဖြစ်တဲ့အပြင် ‘Love Scenario’သီချင်းနဲ့ အကောင်းဆုံးတေးရေးဆရာဆုကိုလည်းရရှိခဲ့ကာ iKON ရယ်လို့ဖြစ်လာဖို့အတွက် သူ့ရဲ့ငယ်စဉ်ဘဝအချိန်တွေအကုန်လုံးကိုရင်းနှီးပြီး ကြိုးစားအားထုတ်ခဲ့သူလည်းဖြစ်ပါတယ်။

B.I ဟာ လက်ရှိအချိန်မှာ iKON ရဲ့အဖွဲ့ဝင်တစ်ယောက်မဟုတ်တော့ဘူးဆိုသော်ငြားလည်း ‘Love Scenario’ ထွက်ရှိချိန် ၂၀၁၈ ခုနှစ်တုန်းက အဖွဲ့မှာရှိနေခဲ့တာဖြစ်တာကြောင့် အခုလိုမျိုးပုံထဲမှာ ဖျက်ထုတ်ခံထားရတာဟာ ပရိသတ်တွေအနေနဲ့ YG Entertainment ရဲ့လုပ်ရပ်ကို ပြစ်တင်ရှုံ့ချမှုတွေဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း B.I ရဲ့ကြိုးစားမှု၊ အောင်မြင်မှုတွေကို #ThankYouHanbin ဆိုတဲ့စာနဲ့ အသိအမှတ်ပြုဖော်ပြခဲ့ပြီး ထိုစာဟာဆိုရင် ကို Twitter မှာ Trend ဖြစ်သွားခဲ့တာကို တွေ့ရပါတယ်။

B.I ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မူးယစ်ဆေးဝယ်ယူသုံးစွဲခဲ့တယ်ဆိုတဲ့သတင်းတွေဟာ ၂၀၁၉ ခုနှစ် ဇွန်လမှာ ထွက်ရှိလာခဲ့ပြီး ဒီလိုမျိုးသတင်းတွေထွက်ပြီးရက်ပိုင်းအတွင်းမှာပဲ B.I တစ်ယောက် iKON ကနေထွက်ခွာသွားခဲ့ကာ YG Entertainment ဘက်ကနေလည်း စာချုပ်ကိုဖျက်သိမ်းခဲ့ပါတယ်။

ဒါကြောင့် B.I ကို စစ်ဆေးမေးမြန်းမှုတွေ ၁ နှစ်နီးပါးမျှပြုလုပ်ခဲ့ပြီး အဲဒီနောက်မှာတော့ B.I ဟာ မူးယစ်ဆေးသုံးစွဲထားခြင်းမရှိကြောင်း သက်သေတွေထွက်ပေါ်လာခဲ့တဲ့အတွက် အခုဆိုအမှုကိုအပြီးတိုင်ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် B.I ကတော့ ဒီနေ့အချိန်ထိ အများပြည်သူရဲ့မြင်ကွင်းအရှေ့ကို ထွက်ပေါ်လာခြင်းမရှိသေးပဲ လိုအပ်မှုတွေရှိနေတဲ့နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ပြီး သီချင်းအသစ်တွေဖန်တီးနေတယ်လို့ သိရပါတယ်။

Ref : KStarLive

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.