“Love Equation” ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးကြတော့မယ့် ဒေါင်း၊ မိုးဟေကိုနဲ့ ဖွေးဖွေး

Posted on

“ပုဂံမြို့သူ” ၊ “လိပ်ပြာစံအိမ်”၊ “လေဆန်ကကြိုး” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အောင်မြင်မှုများစွာ ရရှိထားတဲ့ မင်းသားချော ဒေါင်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားသူပါ။ ဒေါင်းက အခုချိန်မှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေတာ ဖြစ်ပြီး အောင်မြင်မှုတွေ တရှိန်ထိုး ရရှိနေတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ဒေါင်းက သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိတာကို တွေ့ရပါတယ်။

ဒေါင်းကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ဒေါင်းရဲ့ အနုပညာခြေလှမ်းအသစ်ဖြစ်တဲ့ “Love Equation” ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ စတင် ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။

“Love Equation” ရုပ်ရှင်ဇာတ်ကားကြီးကို Golden Hour Film Production မှ ထုတ်လုပ်ပြီး ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးပုံဖော်မှာ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်များအနေနဲ့ ဒေါင်း၊ ခါရာ အကယ်ဒမီ ဖွေးဖွေး၊ မိုးဟေကိုတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒေါင်းက နောက်ထပ်လည်း “စနေမောင်မောင်နှင့် ဆားပုလင်းနှင်းမောင် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆားပုလင်းနှင်းမောင် ကာရိုက်တာကနေ သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

ဒေါင်းကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီ “Love Equtation” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဒေါင်းတစ်ယောက် ဖွေးဖွေး၊ မိုးဟေကို၊ ခါရာတို့နဲ့ ဘယ်လိုတွေ အတွဲညီညီ သရုပ်ဆောင်ဦးမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။

Source:Golden Hour Film Production
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.