Live လွှင့်ဈေးရောင်းနေရင်း တစ်ဖက်မှာလည်း သားလေးမြတ်သူကို ထိန်းပြီး မအားမလပ်နိုင်တွေဖြစ်နေတဲ့ မြင့်မြတ်ရဲ့ ဗီဒီယို

Posted on

မင်းသားချော မြင့်မြတ်ကတော့ အနုပညာလောကမှာ ထိပ်တန်းမင်းသားအဖြစ် အောင်မြင်မှုရရှိနေသလို တစ်ဖက်မှာလည်း ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က နာမည်ကြီး အနုပညာရှင်တစ်ယောက်ပီပီ အလုပ်တွေကို နားရက်မရှိလုပ်ကိုင်နေရပေမယ့် သူ့ရဲ့ မိသားစုလေးအပေါ်မှာတော့ တာဝန်ကျေပွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်ရိုက်ကူးခြင်းတွေ ရပ်နားထားချိန်မှာတော့ မြင့်မြတ်က မိသားစုကိုသာ ပိုမို အချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်နေပြီဖြစ်တဲ့ မြင့်မြတ်က ညဘက်တွေမှာဆိုရင် Live လွှင့်ဈေးရောင်းရင်း ပရိသတ်တွေနဲ့ ထိတွေ့လေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြင့်မြတ်က အလုပ်အရ ဈေးရောင်းနေပေမယ့်လည်း တစ်ဖက်မှာလည်း သားလေး မြတ်သူကို ထိန်းရင်း မအားမလပ်နိုင်ဖြစ်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

မြင့်မြတ်ရဲ့ သားလေး မြတ်သူကလည်း ဖေဖေ့အနားကို အရမ်းကပ်သူလေးဖြစ်ပြီး ဖေချစ်သားလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Myat Thu ‘s fb

zawgyi




Source: Myat Thu ‘s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.