Live လွှင့်ပြီး ဈေးရောင်းနေတဲ့ ချစ်သူလေးနန်းသူဇာရဲ့ ပို့စ်အော က်မှာ ပရိသတ်တွေ အားကျရလောက်အောင် အချစ်ပိုပြခဲ့တဲ့ ကျော်ထွဋ်ဆွေ

Posted on

နှစ်ရှည်လများ သစ္စာရှိရှိနဲ့ နားလည်မှုရှိတဲ့ အချစ်ရေးကို တည်ဆောက်ထားကြတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ စုံတွဲလေးကို ပရိသတ်တို င်း ချစ်ကြမယ် ထင်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာက ချစ်သူသက်တမ်း (၉)နှစ်ကျော်ရှိပြီးဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ဖေးမကြင်နာမှုတွေနဲ့ လက်တွဲမြဲနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နှစ်တွေအများကြီးတိုင် အချစ်မလျော့သွားကြတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့အတွဲလေးကို ချစ်ခင်အားပေးကြပါတယ်။

သိပ်ချစ်ကြတဲ့ ချစ်သူတွေပီပီ တစ်ယောက်ရဲ့ အလုပ်တွေကိုလည်း တစ်ယောက်က ပံ့ပိုးပေးနေကြတဲ့ စုံတွဲလေးက မနေ့က သြဂုတ်လ (၂၆) ရက်နေ့မှာလည်း ပရိသတ်တွေ အားကျရအောင် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေက Live လွှင့်ပြီး ဈေးရောင်းနေတဲ့ ချစ်သူလေးနန်းသူဇာရဲ့ ပို့ စ်အောက်မှာ “လှလိုက်တာ ” ဆိုပြီး ကောမန့်ပေးခဲ့တာကြောင့် ပရိသတ်တွေခမျာ အသည်းယားပြီး အားကျခဲ့ရတာပဲ ဖြစ်ပါတယ်။

နန်းသူဇာကတော့ နှစ်တွေအများကြီးတိုင် သစ္စာရှိပြီး ကိုယ်မှကိုယ်ပဲ သည်းသည်းလှုပ်ချစ်တဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာ အရမ်းကံကောင်းတာပဲနော်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့အတွဲလေးလည်း ပရိသတ်တွေဖြစ်စေချင်တဲ့အတိုင်း မကြာခင်အချိန်အတွင်းမှာ လက်ထပ်နိုင်ကြပါစေလို့ ဆုတော င်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nann Thuzar’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.