Liam လေးရဲ့မွေးနေ့အလှူပွဲလေးမှာ ဆင်တူဝတ်စုံလေးတွေနဲ့ချစ်စရာကောင်းနေတဲ့ လွင်မိုးတို့မြေးအဘိုးနှစ်ယောက်

Posted on

ကြော်ငြာမင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့ သားဦးရတနာလေးဖြစ်တဲ့ လွင်ထက် (ခေါ်) Liam လေးကတော့ ယနေ့သြဂုတ်လ (၆) ရက်နေ့မှာ အသက်တစ်နှစ်တိတိပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မြင်သူတိုင်း အချစ်ပိုရလောက်အောင် ချစ်မွေးပါတဲ့ Liam လေးက ပါးဖောင်းဖောင်းလေးတွေ ဆံပင်ထောင်ထောင်လေးတွေနဲ့ အရမ်းကို ချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ်။ အထူးသဖြင့် Liam လေးက ဘိုးဘိုးလွင်မိုးနဲ့ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ မြေးချောလေးလည်း ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် ကြီးပြင်းလာတဲ့ Liam လေးက တဖြည်းဖြည်းနဲ့ ကိုလူချောလေးဖြစ်လို့လာတာ တွေ့ရပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ အသက်တစ်နှစ်ပြည့်မွေးနေ့ရက်မြတ်လေးမှာတော့ ဘိုးဘိုးလွင်မိုးက Liam လေးအတွက် မွေးနေ့အလှူတော်မင်္ဂလာပွဲလေးတစ်ခု ပြုလုပ်ရင်း ကုသိုလ်ယူနေတာ တွေ့ရပါတယ်။ မွေးနေ့အလှူပွဲလေးမှာတော့ Liam လေးက အင်္ကျီအဖြူ၊ ပုဆိုးလေးနဲ့ လူကြီးပေါက်စလေးလို အသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။

ဘိုးဘိုးလွင်မိုးရဲ့ပေါင်ပေါ်မှာထိုင်ပြီး မျက်လုံးအဝိုင်းသားလေးတွေနဲ့ ဟိုဟိုဒီဒီ ငေးကြည့်နေရတဲ့ Liam လေးကတော့ တကယ့်ကိုချစ်စရာကောင်းလွန်းတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ အခုလို ပုဆိုးလေးဝတ်ထားတဲ့ Liam လေးကိုတော့ မြင်သူတိုင်းက ဘိုးဘိုးလွင်မိုးရဲ့မြေးလေးမှန်း ချက်ချင်းသိနိုင်လောက်အောင် မြေးအဘိုးနှစ်ယောက်က တစ်ထေရာတည်းတူနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Liam လေးရဲ့မွေးနေ့အလှူပွဲက ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

photo Source : Myanmar Celebrity

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.