Lavender ပန်းခင်းထဲမှာ နတ်​မိမယ်​​လေးလို လှချင်​တိုင်းလှ​နေတဲ့ ချစ်စရာကောင်မလေး ခင်လေးနွယ်ရဲ့ပုံရိပ်လေးများ.

Posted on

အပြုံးချိုချိုလေးနဲ့ မြင်ရသူတွေရဲ့ရင်ကို အေးချမ်းစေသူလေးဆိုပြီး ပရိသတ်တွေ အချစ်ပိုနေရတဲ့ မင်းသမီးချောလေး ခင်လေးနွယ်ကတော့ လက်ရှိမှာ သရုပ်ဆောင်အလုပ်တွေကို နားထားပေမယ့်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိနေဆဲပါပဲ။
လတ်တလောမှာတော့ ခင်လေးနွယ်က မိန်း​​လေးတိုင်း စိတ်​ကူးယဉ်​ကြတဲ့ ​နေရာ​လေးဖြစ်​တဲ့ Lavender ပန်းခင်းကြီးထဲ အလည်​​ရောက်​​နေတဲ့ သူမ​ရဲ့ အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သေချာကြည့်လေ လှလေဖြစ်တဲ့ ခင်လေးနွယ်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို ကြွေချင်စရာကောင်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် Lavender ပန်းခင်းထဲမှာ နတ်​မိမယ်​​လေးလို လှချင်​တိုင်းလှ​နေတဲ့ ချစ်စရာကောင်မလေး ခင်လေးနွယ်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်​​လေးနွယ်က​​တော့ “ဟိုးးးး တုန်းက ….ဆရာမ ဂျူး ရဲ့စာအုပ်လေးကိုဖတ်ပြီး….ဒီ Lavender ပန်းခင်းလေးလဲကို ရောက်ချင်ခဲ့တာ…တစ်ကယ် ရောက်သွားတဲ့အချိန်မှာ မျက်စိတစ်ဆုံး မြင်လိုက်ရတာ အရမ်းပျော်သွားတယ်….💜💜နောက်ဆိုရင် မင်းနဲ့အတူ ထပ်လာချင်သေးတယ်💙💙ပန်းခင်းလေးနဲ့ လိုက်ဖက်အောင် ဝတ်စုံလှလှလေးချုပ်ပေးတဲ့ Ma Pont အရမ်းချစ်တယ်နော်…နောက်တစ်ခေါက် တူတူထပ်လာကြမယ်😍😍” ဆိုပြီး Lavender ပန်းခင်း​နဲ့ အပြိုင်​လှ​နေတဲ့ သူမရဲ့ အလှပုံရိပ်ေ​တွကို ​ဝေမျှေ​ပးထားတာပါ။

ပုံပြင်​​တွေထဲက မင်းသမီး​လေးလိုပါပဲ လှနေတာပါနော်….။

ခင်​​လေးနွယ်​ကိုယ်​တိုင်​လည်း တစ်​ချိန်​က သူမ ​ရောက်​ဖူးချင်​တယ်​လို့ စိတ်​ကူးယဉ်​ထားတဲ့ ​နေရာ​လေးကို ​ရောက်​​နေတာမို့ အရမ်း​ပျော်​​နေတာပဲဖြစ်ပါတယ်။

ကြည်လင်ရှင်းသန့်တဲ့ မျက်နှာကျနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားတို့ကို ပိုင်ဆိုင်ထားတဲ့ ခင်လေးနွယ်ကတော့ မဟာဆန်ဆန်အလှတရားကို ပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာသွားပြီဖြစ်ပေမယ့် ခင်လေးနွယ်ရဲ့ပရိသတ်တွေကတော့ သူမကို စောင့်ကြည့်အားပေးနေကြဆဲပါ။ ချစ်ပရိသတ်တွေလည်း Lavender ပန်းခင်းကြီးနဲ့ အပြိုင်​ လှရက်လွန်းတဲ့ ခင်လေးနွယ်ရဲ့ပုံရိပ်လေးတွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.