Justin Bieber နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ လက်ခံတော့မယ်ဆိုတဲ့ Tom Cruise

Justin Bieber ဟာ မကြာသေးမီက သူ့ရဲ့ Twitter စာမျက်နှာကနေ Tom Cruise ကို လက်ဝှေ့ကြိုးဝိုင်းထဲမှာတစ်ယောက်ချင်းထိုးသတ်ဖို့စိန်ခေါ်ခဲ့တာ ပရိသတ်တော်တော်များများမှတ်မိကြမှာပါ။ အဲဒါကို Tom Cruise ကတော့ ဘာမှတုံ့ပြန်ခြင်းမရှိပဲ ငြိမ်သက်နေခဲ့ပြီး ရက်အနည်းငယ်အကြာမှာ Justin က Tom ကို ချစ်လို့စတာပါဆိုပြီး လျှောချသွားခဲ့ပါတယ်။

ပရိသတ်တွေထဲမှာတော့ JB ကို Tom နဲ့ ချစေချင်တဲ့လူလည်းရှိ၊ချရင် ရှုံးမှာအထိနာမှာကြောက်ပြီးစိုးရိမ်တဲ့လူတွေလည်းရှိနဲ့ပါ။ ဒါပေမယ့် အခုတော့ပရိသတ်တွေသို့လောသို့လောဖြစ်နေကြတဲ့ JB နဲ့ Tom Cruise နဲ့ ထိုးသတ်ပွဲကြီးက တကယ်ပဲအကောင်အထည်ပေါ်လာတော့မယ့် အခြေအနေမှာရှိနေပြီလို့ဆိုရမှာပါ။

အဖြစ်ကတော့ ဒီလိုပါ။အဲဒီသတင်းတွေဟိုးလေးတကျော်ဖြစ်ပြီးတဲ့နောက်ပိုင်း UFC ထိုးသတ်ပွဲတွေရဲ့ ပဲ့ကိုင်ရှင် Arii Emmanuel, UFC ဥက္ကဌ Dana White နဲ့ JB ရဲ့ မန်နေဂျာ Scooter Braun တို့ဟာ လျို့ဝှက်စွာဖုန်းပြောခဲ့ကြတယ်လို့သိရပြီးအဲဒီဖုန်းပြောဆိုမှုကလည်း Justin နဲ့ Tom Cruise တို့ ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် ဆွေးနွေးခြင်းဖြစ်ကြောင်းသိရပါတယ်။

Justin က နောက်တာလို့ပြောပေမယ့် တကယ်တော့ တကယ်ကြီးပဲ Tom Cruise နဲ့ထိုးသတ်ချင်နေတာဖြစ်ကြောင်လည်းသိရပါတယ်။ ဒီသတင်းကြားတဲ့ ပရိသတ်တွေကတော့ အကြီးအကျယ်စိုးရိမ်နေပါပြီ။

တစ်ဖက်မှာလည်း Justin က ပါပါရာဇီတွေနဲ့အင်တာဗျူးမှာ Tom Cruise နဲ့ ထိုးသတ်ဖို့ဆိုရင် သူ့ခန္ဓာကိုယ်ကိုသန်မာအောင်အရင်လုပ်မှဖြစ်မယ်၊ ဝိတ်တန်းမျှမှာမဟုတ်ဘူးလို့ပြောခဲ့တာကြောင့် Justin က Tom Cruise နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့တကယ်ကိုပဲစိတ်အားထက်သန်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကလည်းထွက်လာပါတယ်။

UFC fight တွေရဲ့ပဲ့ကိုင်ရှင် Ari ကတော့ Justin နဲ့ထိုးသတ်ဖို့ Tom Cruise က သဘောတူပါလိမ့်မယ်လို့ အသေအချာယုံကြည်ထားကြောင်းလည်းသိရပါတယ်။

အရှေ့ကိုအမြဲတမ်းလှမ်းမြင်နိုင်ပြီးအမြော်အမြင်ရှိတဲ့ Ari ရဲ့ပြောစကားကို Tom Cruise ကလည်း အခုအချိန်အထိယတိပြတ်ငြင်းဆိုခြင်းမပြုသေးတာကြောင့် ကြည့်ရတာ နောက်ဆုံးမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ Justin Bieber နဲ့ Tom Cruise လိုကမ္ဘာ့ထိပ်တန်းနှစ်ယောက်ထိုးသတ်တဲ့ ပွဲကြီးဟာ တကယ်ပဲ ဖြစ်လာတော့မယ့်ပုံပါပဲ။

လက်ဝှေ့ကြိုက်တဲ့ပရိသတ်တွေကတော့ ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်ဆိုပြီးစောင့်မျှော်လျက်ရှိကြပါတယ်။

့ပရိသတ်ကြီးရော Tom Cruise နဲ့ Justin Bieber ထိုးသတ်ရင်ဘယ်သူ့ဘက်ကအားပေးမှာလဲ။ ဘယ်သူနိုင်နိုင် ဝမ်းသာအားရကြည့်ရှု့အားပေးကြမှာလား။ Tom Cruise လို ဖိုက်တင်ခန်းတွေကိုလူစားမထိုးပဲ ကိုယ်တိုင်သရုပ်ဆောင်တဲ့မင်းသားကြီးကို Justin က အနိုင်ယူနိုင်မယ်ထင်လား။ပြောခဲ့ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.