James Jirayu နဲ့ Mint Chalida တို့နှစ်ဦးကို ပရိသတ်တွေက ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ အတူတွဲပြီးမြင်တွေ့ချင်နေကြ

Posted on




Ref : Thai Update

Unicode

မြန်မာပရိသတ်တွေနဲ့ မစိမ်းသက်တဲ့ ထိုင်းနာမည်ကြီးသရုပ်ဆောင်တွေထဲမှာ မင်းသား James Jirayu နဲ့ မင်းသမီး Mint Chalida တို့လည်း ပါဝင်ပါတယ်။ သူတို့နှစ်ဦးဟာဆိုရင် Thai TV3 ချန်နယ်(လ်)နဲ့ အတူလက်တွဲလာခဲ့ကြတာ နှစ်အတော်ကြာနေပြီဆိုပေမယ့်လည်း တစ်ကြိမ်တစ်ခါမှအတွဲပြီး ဇာတ်ကားရိုက်ကူးခြင်းမရှိခဲ့သူတွေဖြစ်ပါတယ်။

ဒီလိုမျိုးဇာတ်ကားရိုက်ကူးခဲ့ခြင်းမရှိဘူးဆိုပေမယ့်လည်း ပွဲအခမ်းအနားတွေကို အတူတက်ရောက်တာမျိုးတွေတော့ရှိတာကြောင့် ထိုပွဲအခမ်းအနားတွေမှာရိုက်ကူးထားတဲ့ပုံတွေမှာဆိုရင် သူတို့နှစ်ဦးဟာ အတော်လေးလိုက်ဖက်ပြီးကြည့်ကောင်းနေတာကို တွေ့ရပါတယ်။

ဒါကြောင့် ပရိသတ်တွေက James နဲ့ Mint တို့နှစ်ဦးကို ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ အတူတွဲဖက်ရိုက်ကူးစေချင်နေကြပြီး မကြာခင်အချိန်အတွင်းမှာလည်း ရိုက်ကူးဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။ လက်ရှိအချိန်မှာတော့ James Jirayu ဟာ ပြသလျှက်ရှိတဲ့ Payakorn Sorn Ruk ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးကြိုက်နှစ်သက်မှုကိုရရှိနေပြီး ဆက်လက်ပြီးတော့လည်း Pitsawart Kartagame နဲ့ Karat Ruk အစရှိတဲ့ဇာတ်လမ်းတွဲတွေကို ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref : Thai Update

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.