Ivy လေးကို စာသင်ပေး ရတဲ့ တီတီမေသင်ချိုဆွေရဲ့ မလွယ်ကူ လှတဲ့ အဖြစ်ကို ဗီဒီယိုလေးနဲ့ တကွ ဆေးထိုးလာတဲ့ အေသင်ချိုဆွေ

Posted on

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေကတော့ အသက် (၁၇) နှစ်အရွယ်လောက်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်ကျေ ာ်ကြား လူကြိုက်များသူတစ်ယောက် ဖြစ်ပါတယ်။ အေသင်ချိုဆွေရဲ့ ညီမအရင်း မေသင်ချိုဆွေကလည်း အဆိုတော်တစ်ယောက်ဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင်အယ်လ်ဘမ်ကိုလည်း ထုတ်လုပ်ထားနိုင် သူတစ်ယောက်ပဲ ဖြ စ်ပါတယ်။ လက်ရှိမှာတော့ အေသ င်ချိုဆွေနဲ့ မေသ င်ချိုဆွေတို့ ညီအစ်မနှစ်ယောက်စလုံးက တစ်အိမ်တည်းအတူတူနေပြီး မိခင်ကြီးကို စောင့်ရှောက်နေကြတာပဲ ဖြစ်ပါတယ်။

အေသင်ချိုဆွေရဲ့ သမီးလေး Ivy ကလည်း တစ်အိမ်လုံးရဲ့ အသည်းကျော်လေးဖြစ်ပြီး အလိုလိုက် ဂရုစိုက်ခြင်းခံရသူလေး ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အေသင်ချိုဆွေက Ivy လေးကို စာသင်ပေးရတဲ့ တီတီမေသင်ချိုဆွေရဲ့ မလွယ်ကူလှတဲ့အဖြစ်ကို ဗီဒီယိုလေးနဲ့တကွ ဆေးထိုးလာတာကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုပဲ တွေ့ရပါတယ်။

တီတီမေသင်ချိုဆွေကတော့ တူမလေး Ivy ကို စာသင်ရတာ တော်တော်လေးကို ကြိုးစားအားထုတ်ရတာပဲနော်။ ပရိသတ်ကြီးလည်း Ivy တို့ တူဝရီးနှစ်ယောက်ရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Athen Cho Swe’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.