Handsome+ Cute ဆိုပြီး သတ်မှတ်ခံထားရတဲ့ ထိုင်းမင်းသားချော (၆)ယောက်

ထိုင်းဒရမ်မာဇာတ်လမ်းတွဲ တွေကတော့ အခုဆိုရင်မြန်မာပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေပါတယ်။

ထိုင်း အနုပညာရှင်တွေကလည်း အခုဆိုရင် အာရှတစ်လွှားမှာပါ နာမည်ကြီးအောင်မြင်နေကြပါပြီ။ ထိုင်းမင်းသား ချော တွေ အများကြီးရှိတဲ့အထဲကမှ Cute လည်း ဖြစ်သလို ယောက်ျားပီသပြီး ချောမောတဲ့ ရုပ်ရည်ပိုင်ရှင်တွေကို Thaiup date မှာဖော်ပြထားပါတယ်။

1. James Jirayu

Cute လည်းဖြစ်ရမယ်၊ Handsome လည်း ဖြစ်ရမယ်ဆိုရင်တော့ အကုန်လုံး ပြေးမြင်မိကြမယ့် မင်းသားက JJ ဆိုတဲ့ James Jirayu ပါ။ မြန်မာပရိသတ်တွေကြားမှာလည်း အရမ်းကို ရေပန်းစားသလို အခုဆိုရင်တော့ ထိုင်း နိုင်ငံရဲ့ ထိပ် တန်းမင်သားတွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါပြီ။

မိန်းကလေးပရိသတ်တွေ ၀ိုင်းဝိုင်းလည်နေတဲ့ JJ ကတော့ သူ့မှာ ချစ်ရမယ့် သူရှိတဲ့ အကြောင်း တရားဝင်ထုတ်ပြောထားပါတယ်။ ချစ်သူကတော့ ဆယ်လီ မဟုတ်တဲ့ အပြင်လူပါ။

2.Blue Pongtiwat

‘Krong Karm’ ဆိုတဲ့ ဒရမ်မာ ကားထဲမှာ သရုပ်ဆောင်ရင်းနဲ့ နာမည်ကြီးလာခဲ့သူပါ။ (၂၀၀၀)ခုနှစ်မှာ မွေးဖွားခဲ့တဲ့ လူငယ်မင်းသားချောပါ။

3. Perth Tanapon

သူကတော့ First BL series “Love by chance” နဲ့ ပရိသတ်တွေကြားမှာ လူသိများခဲ့သူပါ။ လူငယ် မင်းသား အဆို တော်တစ်ယောက်ပါ။ ချစ်စရာကောင်းတဲ့ အပြုံးနဲ့ ချစ်စရာ မျက်နှာ လှလှလေးကို ပိုင်ဆိုင်ထားသူပါ။

4.Saint Suppapong

Saint Suppapong ကတော့ (၁၉၉၈)မှာ မွေးဖွားခဲ့တဲ့ ထိုင်းမင်းသားအချောလေးပါ။ ချစ်စရာကောင်းတဲ့ မျက်နှာနဲ့ အပြုံး လှလှလေးကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ လူသိများပါတယ်။

5.Donut Phattharapon

သူကလည်း (၁၉၉၈)မှာ မွေးတာပါ။ Thai channel 7 ရဲ့ လူငယ်မင်းသားချောလေးပါ။

6.Chimon Wachiravit

(၂၀၀၀)ခုနှစ်မှာ မွေးတာပါ။အသက်ကတော့ အရမ်းကို ငယ်ပါသေးတယ်။ နှုတ်ခမ်း၊မျက်လုံးနဲ့ အရမ်းကို မိုက်တဲ့ မျက်နှာ Shape ကို ပိုင်ဆိုင်ထားသူပါ။

ပရိသတ်အကြိုက်နဲ့ ထပ်တူကျရဲ့ လား..? ကျန်ခဲ့တဲ့သူတွေရှိရင်လည်း ပြောပေးခဲ့အုံးနော်…

Source; Auntymay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.