ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့ မိုးဟေကိုက အနုပညာခရီးလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းကတည်းက အောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။ မိခင်ရဲ့ကျန်းမာရေးအတွက် အနုပညာလောကမှာ ခေတ္တပျောက်ကွယ်သွားခဲ့ပေမယ့် မိခင်ရဲ့ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့အခါမှ အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်လာခဲ့ပါတယ်။
ယနေ့ခေတ်မှာ လူတိုင်းက Facebook ကို သည်းကြီးမည်းကြီး သုံးစွဲလာကြတာနဲ့အမျှ အနုပညာရှင်များရဲ့ နာမည်များကို အလွဲသုံစားလုပ်ပြီး Facebook Page များဖွင့်ကာ ငွေကြေးလိမ်လည်မှုများလည်း ရှိလာပါတယ်။ အခုဆိုရင် မိုးဟေကိုက သူမကိုယ်တိုင် သုံးစွဲတဲ့ Facebook Page က Officially Blue Mark ရသွားခဲ့ပြီလို့ သိရပါတယ်။
“မိုး ရဲ့ Page က ခုဆိုရင် Officially Blue Mark ရသွားပာပီနော်😍 မိုး ရဲ့ Activity တွေအားလုံးကို ဒီ Page တစ်ခုထဲကသာ Officially တင်မှာဖြစ်ပာတယ်🎉🎊” ဆိုပြီး သူမရဲ့တရားဝင်ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။
ဒါကြောင့် သူမနာမည်နဲ့ဖွင့်ထားတဲ့ အခြားသော Facebook Page များဆီက အကြောင်းတစ်စုံတစ်ခုဖြစ်လာပါက ပတ်သက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
“အဲ့ဒီတော့ မိုးရဲ့နာမည်နဲ့ဖွင့်ထားတဲ့ အကောင့်များဖြင့် သော်လည်းကောင်း/Pageများဖြင့် သော်လည်းကောင်း မှ အကြောင်းကိစ္စတစုံတရာ ဖြစ်ပေါ်လာပာက ပတ်သတ်ခြင်းရှိမည် မဟုတ်ကြောင်းအသိပေးအပ်ပာတယ်နော်💯💯” လို့ ဆက်လက်ရေးသားသွားပါတယ်။
ကိုယ်ပိုင် Facebook Page က Officially Blue Mark ရသွားတဲ့အတွက် ၀မ်းသာနေတဲ့ မိုးဟေကိုအတွက် အားပေးစကားများ ထပ်မံပြောသွားပါဦးနော်။
Source : Moe Hay Ko