Epc ကို အကူအညီတောင်း တစ်ရပ်ကွက်လုံးကို ၂မိနစ် မီးဖြတ်ပြီး Surprise လုပ်ပေးတာခံခဲ့ရတဲ့ မြတ်သူသူဇင်

ရိုးရိုးယဉ်ယဉ်လေးနဲ့ လှပြီး ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေး ပရိသတ်တွေပါ အာပေးလက်ခံမှုကို ရရှိထားနေပြီး ဇာတ်လမ်းတွေ ရိုက်ကူးပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတယ် သရုပ်ဆောင်မြတ်သူသူဇင်ကတော့ မွေးနေ့မှာ ချစ်သူက Epc နဲ့ တိုင်ပင်က မီးဖြတ်ပြီး Surprise လုပ်ခံခဲ့ရတဲ့အကြောင်းကို panpwint ရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မွေးနေ့မှာ ချစ်သူက Suprise လုပ်ပေးတာနဲ့ ပတ်သက်ပြီး မြတ်သူသူဇင်က “သူကလည်း ဘယ်လိုလဲဆိုတော့ တစ်ရပ်ကွက်လုံးကို ၂မိနစ် မီးပျက်အောင် လုပ်လိုက်တယ်။ သူနဲ့က နည်းနည်းခင်နေတယ်ဆိုတော့ အကူအညီ အရမ်းတောင်းပြီးတော့ အစ်မကို မလာတော့ဘူးဆိုပြီး ပြောထားတာပြီးတော့ ညကျမှ ၁၂ နာရီတိတိမှာ မီးကပျက်သွားတယ်။

 

 

ဟာဒုက္ခတော့ရောက်ပြီပေါ့ ကိုယ်ကလည်း ဒီမှာ စာရင်းတွေလုပ်နေရတာပေါ့နော် ကိုယ်တစ်ယောက်တည်း အဲ့အချိန်မှာ သူက ဖုန်းဆက်ပြီးတော့ နေဦး ဒီမှာ ရှုပ်နေတယ်ပေါ့ မီးကလည်း ပျက်နေတယ်ဆိုတော့ ဟုတ်လားတဲ့ အပြင်ထွက်ခဲ့တဲ့ သွားတဲ့အချိန်မှာ Birthday ကိတ်လေးနဲ့ဆိုတော့ ပျော်သွားတယ်။ ပြီးလည်း ပြီးရော ၂မိနစ်ပဲ မီးက ပြန်လာတယ်။

Epc ကအစ်ကိုတွေကေို တောင်းပန်ပြီးတော့ ၂မိနစ် မီးပျက်ခိုင်းပြီးတော့ Birthday Surprise လေးလာလုပ်ပေးတာပါ အစ်မအရမ်း လည်းပျော်ရပါတယ်။ ကျေးဇူးလည်း တင်ရပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

 

 

ချစ်သူက သဘောကျတဲ့ ကိုယ့်ရဲ့ပုံစံက ဘယ်လိုဖြစ်မလဲလို့ မေးမြန်းရာ “သူက ဂျင်းဘောင်းဘီနဲ့ တီရှပ်ပဲ သူကအေးဆေးပါ ဘာမှမဖြစ်ဘူး။ သူက ဟိုလို သတ်မှတ်ချက်မရှိဘူး ဘာလို့ဆိုတော့ လုပ်နေရတဲ့ အလုပ်အရ ပုံစံပြောင်းရမယ်ဆိုတာကိုသိတယ်လေ။ အဓိကတော့ သူကတော့ အကုန်လုံးအမြင်မတင့်တယ်တာမျိုး မဖြစ်စေချင်ဘူး။

ကိုယ့်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်ရော ကိုယ့်မိသားစုတွေရော သိက္ခာကျမှာမျိုးကို မဖြစ်စေချင်ဘူး။ ကျန်တာတော့ အများကြီး သတ်မှတ်ထားတာ မဟုတ်ဘူး အဲ့လိုမျိုးကန့်သတ်တာလည်းမရှိဘူး။ ဘာလို့လဲဆိုတော့ မြတ်သူ အလုပ်ကို မြတ်သူ သိတယ် မြတ်သူဘာသာပဲ ရွေးချယ်ရမယ်ဆိုတာကို သူသိတယ်ပေါ့နော်။

ဒါပေမဲ့ ဘေးနားကနေပြီးတော့ အရမ်းကြီး မပေါ်နဲ့ ဘာဖြစ်တယ်။ ဒါကတော့ ယောက်ျားလေးဆိုတာ ဒီလိုပါပဲ။ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်မိန်းကလေးဆိုရင် ဂရုစိုက်ပြီးပြောတဲ့ သဘောမျိုးပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

 

 

ဆက်လက်ပြီးတော့လည်း “မြတ်သူအနေနဲ့ကျတော့ လူတိုင်းမှာ ကိုယ်ရေးကိုယ်တာဆိုတာရှိတယ် ပြောလို့မရတာရှိတယ် ပြောလို့ရတာရှိတယ်။ မြတ်သူရဲ့ အခက်အခဲတွေ မိသားစုကိစ္စတွေရှိမယ် စီးပွားရေးနဲ့ ပတ်သက်တာတွေရှိမယ်။

ဒါတွေအကုန်လုံးကို မြတ်သူ ပြောလို့ရတဲ့ အတိုင်းအတာအထိပဲ ပြောလို့ရမှာပေါ့နော်။ တချို့ကျတော့ အကုန်သိချင်တယ် မြတ်သူတို့ နားလည်တယ် ပြောလို့မရတာတွေရှိတယ် ဘာလို့ဆိုတော့ ပြောလို့မရဘူးဆိုတာလည်း ကိုယ့်အတွက်လည်း ပါသလို တခြားသူကို အနှောက်အယှက်မဖြစ်အောင်လည်းပါတယ်။

 

 

အခုဆိုရင် မြတ်သူ လက်တွဲထားတဲ့ သူနဲ့ဆိုရင် မြတ်သူပြောလို့ရတယ် ကိုယ်လည်း တရားဝင် တွဲနေတာ ဖြစ်တဲ့အတွက်ကြောင့် ပြောပြပေးတယ်။ တခြားအကြောင်းအရာတွေကတော့ အခြေအနေတွေအပေါ်မူတည်ပြီးတော့ ထိန်းသင့်ရင်ထိန်းတယ် ပြောသင့်ရင်ပြောတယ်။”လို့ပြောသွားခဲ့ပါတယ်။

Source;Nanmalgyi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.