Double Dating အဖွဲ့သားတွေကတော့ နောက်လာမယ့် အပိုင်းအတွက် ရိုက်ကူးပြီးလို့ ပျော်ပျော်ပါးပါး နှုတ်ဆက်နေကြကာ အမှတ်တရ ပုံလေးရိုက်နေကြတဲ့ ဗီဒီယို

Posted on

ပရိသတ်တွေရဲ့ အချစ်တော်လေး တစ်ဦးဖြစ်တဲ့ ယွန်းယွန်းကတော့ ခုတစ်လောမှာ ပိုပြီး ရေပန်းစားကာ အောင်မြင်နေတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်နော်…….။သူမကတော့ ချစ်စရာကောင်းတဲ့ ကလေး သရုပ်ဆောင်တွေထဲက တစ်ယောက် ဖြစ်ပြီး အ ရွယ်ရောက် လာတဲ့ အချိန်ထိအောင် အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားသူလေး ဖြစ်ပါတယ်။

ယွန်းယွန်းကတော့ ငယ်ငယ်လေးတည်းက သရုပ်ဆောင်ရာတွင် ဇာတ်ရုပ်ကို ကလေး အရွယ်နဲ့ မလိုက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက် ဆိုလည်း မမှားပါဘူးနော်……။ယခုအချိန်မှာတော့ တက္ကသိုလ် ကျောင်းသူလေး ဖြစ်နေပြီး သူမဝါသနာပါတဲ့ အနုပညာ အလုပ်တွေကိုလည်း အဆက် မပြတ် ကြိုးစား လုပ်ကိုင် နေတာ ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ Double Dating အစီအစဉ်ကို လက်ခံရိုက်ကူးနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေက စိတ်ဝင်စားပြီး တစ်ခဲနက် စောင့်ကြည့်အားပေးနေကြတဲ့ Double Dating အစီအစဉ်ကို နောက်လာမဲ့ အပိုင်း အတွက် မိုးယွန်းကြီးအင်းမှာ သွားရောက် ရိုက်ကူးနေတာ ဖြစ်ပြီး သူတို့ရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် အမြဲဖော်ပြလေ့ ရှိတာလည်း ဖြစ်ပါတယ်။ကဲ…..ချစ်ပရိသတ်တွေ အတွက် ဒီနေ့လေးမှာ Double Dating အဖွဲ့သားတွေ ရိုက်ကူးပြီးစီးလို့ ပြန်နေပြီ ဖြစ်တဲ့ ပုံရိပ်လေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်…….။

source : myanmar load

zawgyi




source : myanmar load

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.