Crush နေရသူ မင်း သား ပိုင်တံခွန်ရဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းလေးကြောင့် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ နန်းဆုဦး

Posted on

ပရိသတ် ကြီးရေ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အိုက်တင်ပိုင်နိုင်သူ မင်းသမီး နန်းဆုဦးကိုတော့ အထူးအထွေမိတ် ဆက်ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတ ယ်.။ နန်းဆုဦးကတော့ အနုပညာအပေါ်မှာ ရူးသွပ် မှုတွေနဲ့ ကျရ ာဇာတ်ရုပ်တိုင် းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်နော်.။

ဆွဲဆောင်မှုရှိကာ လှပသူ နန်းဆုဦးကတော့ မကြာသေးမှီက ကျန်းမာရေးအခြေအနေတစ်ခုကြောင့် ဆေးရုံတက်ကာ ကုသမှုခံယူခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ပြန်လည်ကောင်းမွန်သက်သာနေပြီပဲဖြစ်ပါတယ်.။ အနုပညာအလုပ်တွေကို ကျန်းမာရေးကြောင့် အနားယူဖြစ်ရင် covid ကာလအတွင်းမှာတော့ အိမ်မှာပဲ နေရင်းနဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။

နန်းဆုဦးက အောက်တိုဘာလ (၅)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးမှာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးသူတွေကြောင့် ပျော်ရွှင်နေရပြီး ဒီနေ့ အောက်တိုဘာလ (၆)ရက်နေ့မှာတော့ မင်းသားပိုင်တံခွန်ရဲ့ မွေးနေ့ဆုမွန်ကောင်းလေးကြောင့် “Birthday wish from my crush” ဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။

Crush ဆိုတဲ့စာလေးနဲ့ ပိုင်တံခွန်ရဲ့ မွေးနေ့ဆုမွန်ကောင်းလေးကြောင့် နန်းဆုဦးတစ်ယောက် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ပုံပါပဲနော်.. ပရိသတ်ကြီး။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source : Nan Su Oo’s Facebook

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.