Crush တွေအများကြီးရှိတဲ့သူတွေဟာ ထက်မြက်သူတွေဖြစ်ရတဲ့အကြောင်းရင်း (၅) ချက်

Posted on

Crush ဆိုတာ ကိုယ့်ဖက်ကနေတစ်ဖက်သတ် ကြိတ်ပြီးကြွေနေရတဲ့သူကို ဆိုလိုတာပါ။ တစ်ချို့လူတွေမှာတော့ Crush တစ်ယောက်ပဲရှိသလို၊ တစ်ချို့လူတွေမှာကျတော့လည်း တစ်ယောက်မက အများကြီးရှိနေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ Crush အများကြီးရှိတဲ့သူတွေဟာ ထက်မြက်တဲ့သူတွေ ဖြစ်ရတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။

(၁) အကောင်းမြင်စိတ်ရှိတယ်

Crush အများကြီးရှိတဲ့သူတွေဟာ အကောင်းမြင်စိတ်ရှိတဲ့သူတွေပါ။ လူတစ်ယောက်ချင်းစီရဲ့ ကောင်းကွက်လေးတွေကို မြင်ပေးနိုင်စွမ်းရှိတဲ့သူတွေပါ။ လူတိုင်းကိုအကောင်းမြင်စိတ်နဲ့ကြည့်တတ်တဲ့ သူတို့အဖို့ Crush ဆိုတာ ရုပ်ချောစရာလည်း မလိုပါဘူး။ အပြုံးလေးကို Crush သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒါက အကောင်းမြင်စိတ်ရှိတဲ့သဘောပါ။

(၂) လွတ်လပ်စွာတွေးခေါ်တတ်တယ်

Crush အများကြီးရှိတဲ့သူတွေဟာ လွတ်လပ်စွာတွေးခေါ်တတ်တဲ့သူတွေပါ။ ပေါ့ပေါ့ပါးပါးတွေးခေါ်စဉ်းစားပြီး လွတ်လွတ်လပ်လပ် နေချင်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မတွဲသေးတဲ့အတွက် ဘယ်သူ့ကိုမဆို လွတ်လွတ်လပ်လပ် Crush ချင်တဲ့သူတွေဖြစ်ပါတယ်။

(၃) အရမ်းလည်း serious မဖြစ်ဘူး

Crush အများကြီးရှိတဲ့သူတွေဟာ အရမ်း Serious ဖြစ်တဲ့သူတွေ မဟုတ်ပါဘူး။ တစ်ယောက်ဆိုတစ်ယောက် စွဲစွဲမြဲမြဲချစ်ပြီး ဝန်ထုတ်ကြီးတစ်ခုလို နေရမှာထက် Crush တွေအများကြီးထားပြီး ပေါ့ပေါ့ပါးပါးပဲ နေချင်တဲ့သူတွေပါ။ ဖြစ်သမျှအရာတိုင်းကို အကြီးအကျယ်လိုက်ပြီး ခံစားမနေချင်တဲ့သူတွေပါ။

(၄) ရိုးရှင်းတဲ့စိတ်ခံစားချက်ရှိတယ်

Crush တွေအများကြီးရှိတဲ့သူတွေဟာ ရိုးရှင်းတဲ့စိတ်ခံစားချက်ရှိတဲ့သူတွေပါ။ အချစ်ဆိုတာကို ဘဝကြီးတစ်ခုလို မသတ်မှတ်ထားသူတွေဖြစ်ပါတယ်။ နောက်ပြီး တစ်ဖက်လူက ကိုယ့်ကိုပြန်ချစ်သည်ဖြစ်စေ၊ ပြန်မချစ်သည်ဖြစ်စေ သူတို့အတွက် ပြသနာမရှိပါဘူး။ သူတို့ဖက်ကလည်း အရမ်းချစ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ ဒီအတိုင်း Feel နေချင်တဲ့သူတွေပါ။

(၅) ရူးသွပ်တာတွေမရှိဘူး

Crush တွေအများကြီးရှိတဲ့သူတွေဟာ ရူးသွပ်တာတွေ၊ စိတ်ခံစားချက်တွေအများကြီး သိပ်ပြီးမရှိတဲ့သူတွေပါ။ ပေါ့ပေါ့ပါးပါးပဲတွေး၊ ပေါ့ပေါ့ပါးပါးပဲ ခံစားတတ်တဲ့ အေးအေးဆေးဆေးသမားတွေပါ။ သူတို့ရဲ့ ဘဝမှာ ဘယ်အရာကိုမှ အစွန်းရောက်ရူးသွပ်တယ်ဆိုတာမျိုး မရှိပါဘူး။

Credit-aunty may

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.