“Covid First Wave မှာ သေရမယ့်လူတယောက်လိုပဲ စိတ်ဓါတ်တွေထိုးကျခဲ့ရတဲ့သူ့ရဲ့ကိုယ်တွေ့အတွေ့အကြုံကို ပြောပြခဲ့တဲ့ Ar-T”
Posted on
ပရိသတ်ကြီးရေ Ar-T ကတော့ ပရိသတ်တွေရင်ထဲကို ထိရှစေတဲ့ စာသားတွေနဲ့ သီချင်းတွေကို အမြဲသီဆိုလေ့ရှိတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတွေကို ပရိသတ်တွေသာမက အနုပညာရှင်တွေပါ သဘောကျနှစ်သက်ခြင်းခံရတဲ့ အဆိုတော်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။
ဒီနေ့မှာတော့ ” Covid First Wave Panic ကြောင့် ကျနော် stress တွေရခဲ့တယ် Anxiety တွေပေါ့ ..April လဆန်းမှာ လေထိုးလေအောင့်လာတယ် , ချွေးစေးပြန်တယ် , လက်တွေထုံကျင်လာတယ် , အသက်ရှူမဝတော့ဘူး , ခေါင်းထဲ Oxygen မရှိသလို လေမဝသလိုမျိုး , နှလုံးခုန်နှုံးမြန်လာပြီး လည်ပင်းမှာ နင်သလိုဖြစ်လာတယ် , အဲ့လိုဖြစ်လေပိုကြောက်လေ သံသယ stress တွေပိုများလာလေပဲ .. ဖျားလဲမဖျား , ချောင်းလဲမဆိုး , အရင်ကနှာစေးတတ်တာတောင် လုံးဝမစေးတော့ပဲ ခန္ဓာကိုယ်ရဲ့ system တွေပြောင်းလာတာသိသိသာသာခံစားလိုက်ရတယ် ။
အရင်က နေ့လည်ဆိုဖက် ၄၅မိနစ်လောက်အိပ်တယ် .. အဲ့ symptom တွေဖြစ်ပြီးနေ့လည်ရော ညရော ကောင်းမွန်သော အိပ်စက်ခြင်းနဲ့ လုံးဝအိပ်မပျော်တော့တာပါပဲ . . နောက်ဆုံး နှလုံးနေရာမှာ ထိုးအောင့်လာတဲ့အထိ ဖြစ်ခဲ့ပါတယ် .. ခါးနာသလိုလိုကျောအောင့်သလိုလိုထပ်ဖြစ်လာတယ် ။ ညဆို ၂ နာရီလောက်ပဲအိပ်ချိန်ရပြီး လန့်နိုးတာတွေဖြစ်လာကော , ပြန်အိပ်ရင်လဲ မနက် ၇ နာရီဆိုနိုးလာတယ် . . လူကပုံမှန်မဟုတ်ပဲ moody တွေဖြစ်လာပြီး ငါသေရတော့မှာလား ဆိုတဲ့ အတွေးတွေစဝင်လာပါတယ်.. covid ဖြစ်နေပြီလားပေါ့ .. အဲ့တာနဲ့ family doctor နဲ့တိုင်ပင်တော့ ဆရာဝန်က Online သုံးတာခဏနားခိုင်းတယ် Covid သတင်းတွေရှောင်ခိုင်းတာပေါ့ ။ ကျနော် အိပ်ဆေးလေးစသောက်ရတော့တယ် ဆေးလိပ်လည်း ဖြတ်လိုက်တယ် ။
သတင်းတွေမကြားရအောင်နေပြီးတဲ့နောက် ၁ ပတ်ကြာတဲ့အခါမှာ စသက်သာလာခဲ့ပါတယ် ။ အိပ်ဆေးအစား Melatonin ပြောင်းသောက်ဖြစ်တယ် .. အိပ်ဆေးစွဲမှာစိုးလို့ .. ကျနော်အရမ်းကြောက်ခဲ့ရတာ ၊ သေရမယ့်လူတယောက်လိုပဲ စိတ်ဓါတ်တွေထိုးကျခဲ့ရတာ ၊ တကယ်တော့ Covid လည်းမဟုတ်သလို နှလုံးရောဂါလည်းမဟုတ်ခဲ့ဘူး .. stress နဲ့ Anxiety ကြောင့်ဖြစ်လာတဲ့ Symptoms တွေပါ ။ Panic Disorder တဲ့ အဲ့တာနဲ့ပဲစိတ်ကိုပြောင်းကြည့်ပါတယ် ။
တရားထိုင်တယ် ။ သီချင်းနားထောင်တယ် ။ ဝအောင်စားပြီး ဝအောင်အိပ်တယ် ။ online သုံးတာရပ်ပြီး အနားယူလိုက်တယ်ပေါ့ .. April လကုန်မှာပြန်သက်သာလာပြီး ၅လပိုင်းမှာ ကျနော် ကန်ဘောင်ဖက်သွားပြီး လမ်းစလျှောက်ဖြစ်ပါတယ် ။ အရင်လိုမပြေးနိုင်တော့ဘူး လမ်းအမြန်လျှောက်တာတောင်အရမ်းမောတယ် ။ ကျနော်ဘယ်လောက် အမောခံနိုင်တယ်ဆိုတာ ကျနော့် Gym က trainer အသိဆုံးပါ ။
ကန်ဘောင်မှာ ပထမတပတ်တိတိ လမ်းကိုအမြန်လျှောက်တယ် မောတာအရမ်းပဲ .. နောက်တော့ တပတ် ၇ရက်ပြည့်တဲ့အခါမှာ ကျနော် နည်းနည်းပြန်ပြေးလာနိုင်ပါတယ် ။ Social Media လဲပြန်သုံးဖြစ်တယ် News feedတွေကို တတ်နိုင်သမျှရှောင်လိုက်တယ် ။ positive vibe လေးနဲ့နေရင်းပေါ့ .. ကျနော် ၁လတိတိ struggle လုပ်ရင်းနားထားတဲ့အတွက်ကြောင့် လူက ပြန်ဝလာတယ်လေ .. ခါးလည်းနာထားတော့ လေ့ကျင့်ခန်းမလုပ်နိုင် .. အိမ်မှာရှိတာပဲစားတယ် အစ်မပို့သမျှအကုန်စားတယ် ဈေး or market place မသွားရဲ .. healthy food မရှိတော့ ပဲဆီ, ဆန် , ဂျုံ, ဝက်သား , အဆီ , သကြားတွေအကုန်ပြန်စားဖြစ်တော့တာပေါ့ .. ၁၀ ပေါင်တက်သွားခဲ့တယ် ။
နေမကောင်းတော့ စိတ်ပြေလက်ပျောက် Live လွှင့် ပုံတင်တော့ ကျနော့်ကိုတွေ့တဲ့သူတွေက နေကောင်းလားလို့ မမေးကြဘူး .. ဝလာတယ် လျော့အုံး မလှဘူး ရုပ်ဆိုးတာ ဘာလို့ ပြန်အဝခံတာလဲပေါ့ .. ကျနော်က အမှန်တော့ အဲ့လိုစိတ်အားငယ်နေတဲ့အချိန်မှာအားလုံးရဲ့ ဂရုစိုက်တာမျိုးကို ကြားချင်ခဲ့တာ .. ဝလာတာသိတယ် ဝိတ်ချဖို့ထက် မသေဖို့ ရုန်းကန်နေရတဲ့အချိန်မှာ စိတ်ဓါတ်ကျလိုက်တာ အရမ်းပဲ … ဒါပေမယ့် ကျနော်နေမကောင်းဖြစ်တာသူတို့မှမသိတာ .. သူတို့အပြစ်လည်းမဟုတ်ပါဘူး .. ဒီလိုနဲ့ပဲ ကျနော်ပုံမှန်ပြန်ဖြစ်လာတယ် ။ နေမကောင်းတဲ့တလျှောက် ကျနော်စိတ်အားငယ်တယ် ငါအရင်လိုပွဲတွေမှာ အင်တိုက်အားတိုက် ပြန်မ က နိုင်တော့ဘူး show performance တွေဘယ်လိုဆိုမလဲ ? မလှုပ်ရှားနိုင်တော့ဘူးဆိုပြီး ငိုမိတယ် ။
၆လပိုင်းမှာ အစစအရာရာသက်သာလာတော့ mv ရိုက်ရင်း စိတ်ပြေလက်ပျောက်ဖြစ်ဖို့ ခရီးထွက်လိုက်တယ် ခရီးမှာ ခြေချော်ကျပြီး ခြေထောက်အရိုးအက်သွားရော .. ၁လနားပြီး ၇လပိုင်းမှာကျနော်ကောင်းကောင်းလမ်းလျှောက်နိုင်ပါပြီ ဆရာဝန်က ၁ ခွဲနားပါတဲ့ မရဘူး ကျနော့်စိတ်က တက်ကြွပြီး အက rehearsal တစ်ခုကို Join လိုက်တယ် အကပြန်ကတယ် မရမကအတင်းကိုကတာပေါ့ စိတ်က အရင်လိုပြန်မဖြစ်မှာကြောက်တာလေ . . ပြန်ကတဲ့နေ့မှလေ အားနဲ့ ကခုန်နိုင်လာတော့ ပျော်လွန်းလို့ ငိုတောင်ငိုချင်တယ် ။
ကိုယ်ဖြစ်နေတာတွေ အမေတို့ စိတ်ပူကြမှာစိုးလို့ အိမ်ကိုလည်း မပြောရဲ .. ဖြစ်ခါစကဆို ဘယ်သူမှ အတွေ့မခံ , တော်တော့်ကိုဖြစ်ခဲ့တာ … ငါတသက်လုံးကြိုးစားခဲ့တာ အနှိမ်ခံခဲ့ရတာ အခုလိုပရိသတ်နဲ့ engagement ရတဲ့အချိန်ရောက်မှ covid ဖြစ်တယ် ငါ့ခန္ဓာကိုယ်က အားပျော့သွားပီ ဒုက္ခပဲလို့ တွေးပီးငိုခဲ့ရသမျှ အခုတော့ အကုန်အရင်လိုပြန်ဖြစ်သွားပါပြီ။
first covid နဲ့ second covid ကြား သီချင်းအသစ် ၂ပုဒ်တောင် မရမကထွက်နိုင်ခဲ့တယ် ။ ဒီရက်ပိုင်း ကျနော်ဖြစ်တဲ့ Symptoms တွေဖြစ်လို့ fb မှာ post တင်တဲ့ သူတွေတွေ့လာတာကြောင့် ဒီစာလေးရေးဖြစ်တာပါ ။ Panic Disorder လို့ခေါ်တယ် စိတ်ကိုငြိမ်အောင်ထိန်းပါ ။ အိပ်ရေးဝအောင်အိပ်ပါ ။ online နားပါ ။ စိတ်ရှုပ်မယ့်အရာတွေ ခေါင်းထဲမထည့်မိစေနဲ့လို့ .. Covid ကြောင့် stress နဲ့ Anxiety အဝင်မခံပါနဲ့ တရားထိုင်ပါ သီချင်းနားထောင်ပါ ။ အစားပုံမှန်စားပါ ။ ပြန်သက်သာလာမှာပါ ။ အဲ့ Symptoms တွေပြရင်တော့ ဂရုစိုက်ပါ .. ဆရာဝန်နဲ့တိုင်ပင်ပါ Heart Attack ဖြစ်နိုင်ခြေများတယ်တဲ့ .. ကဲအားလုံး အန္တရာယ်ကင်းဘေးရှင်းပါစေ ။ကျန်းမာပျော်ရွှင်ပါစေ”ဆိုတဲ့စာလေးနဲ့ပြောပြခဲ့တာပါ။ ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Thi HaTun
zawgyi
Source: Thi HaTun
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.