Covid -19 virus ဟာ ကမ္ဘာမြေကြီးကနေ လုံးလုံးပျောက်ကွယ်သွားဖို့ဆိုတာ မသေချာတဲ့အတွက် ချစ်တဲ့ပရိသတ်တွေကို သတိထားစေချင်တဲ့ နေခြည်ဦး

Posted on

နေခြည်ဦးကတော့ လူသိများတဲ့ Facebook Celebrity တစ်ယောက်အဖြစ်ကနေ အနုပညာလမ်းမပေါ်ကို ရောက်ရှိလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ဦးက Beauty Blogger တစ်ယောက်လည်း ဖြစ်တာမို့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှ်ိပိုင်ဆိုင်ထားပြီး မိန်းကလေးတိုင်းစံပြထားရသူတစ်ယောက်ပါ။ ဒီနေ့မှာတော့ Covid -19 virus နဲ့ ပက်သတ်ပြီး သူမရဲ့ ပရိသတ်တွေကို အခုလိုပဲ သတိပေးစကားလေး မျှဝေပေးထားပါတယ်။

“covid ကြီးပြီးသွားရင်ငါတို့ဘယ်သွားကြမလဲလို့ နေခြည်တို့ သူငယ်ချင်းအချင်းချင်း တိုင်ပင်ဖြစ်တယ်။ တကယ်တော့ Covid 19 virus ဟာနေခြည်တို့ ကမ္ဘာမြေကြီးကနေ လုံးလုံး ပျောက်ကွယ်သွားဖို့ဆိုတာ မသေချာတော့ပါဘူး။ လူတွေအပေါ် အန္တရာယ်မပြုနိုင်တော့တဲ့အချိန်ရောက်လာဖို့အတွက်ကတော့ ကာကွယ်ဆေးတွေ နိုင်ငံတကာမှာ လူသားစေ့ ရရှိပြီးနိုင်ခဲ့အခါမှဘဲ စိတ်ကြီးအေးရမှာပါ။”

“ဒါကြောင့် new normal မှာပြင်ဆင်ထားပြီးသား ကျန်းမာရေး precautions တွေကိုလဲ ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားရမယ်။ ခုခံအားကောင်းနေဖို့ကိုလဲ အစားအသောက်နဲ့ရော အားကစားလိုက်စားတာရော အတတ်နိုင်ဆုံး လုပ်ဆောင်ရမယ်။ ဘယ်လေးသွားသွား ဘယ်သူတွေနဲ့ဘဲတွေ့တွေ့ ငါတို့ရှုရှိုက်နေရတဲ့ လေထုကြီးက အရင်လို safe မဖြစ်တော့ပါလားဆိုတဲ့စိတ်ကလေးဝင်ပြီး အမြဲသတိရှိရှိနဲ့ အပြင်သွားရင်လက်ဆေးဖို့ လူများတဲ့နေရာတွေဆို mask တပ်ဖို့ တွေလုပ်ဆောင်ကြမယ်ဆို သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါမှာလဲ တစ်ဦးနဲ့တစ်ဦး ကာကွယ်ပြီးသားဖြစ်တာပေါ့။” ဆိုပြီး ပြောထားပါတယ်။

နေခြည်ဦးကတော့ သူမကိုယ်တိုင်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို စနစ်တကျ လိုက်နာသလို ပရိသတ်တွေကိုလည်း သတိပေးစကားလေး ဆိုထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: beautybynaychi’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.