
Posted on




 

Source – Yanpaing Tunko


ယူနီကုဒ်ဖြင့်ဖတ်ရန်

COVID – 19 ရောဂါ စောင့်ကြည့်ကုသရေးအတွက်လိုအပ်နေသော ပစ္စည်းများကို ဝေဘာဂီဆေးရုံကြီးမှာလှူဒါန်းခဲ့တဲ့ ထွန်းကိုကို ….

CeleConnections ပရိသတ်ကြီးရေ ထွန်းကိုကိုကတော့ လက်ရှိမှာ ဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် တွေကိုအင်တိုက်အားတိုက်ရှေ့ဆုံးကနေ တိုက်နှိုးဆော်လျက်ရှိတဲ့သူတစ်ယောက်ပါပဲနော်။အလှူအတန်းတွေနဲ့ ပရဟိတတွေကို ထိပ်ဆုံးက လုပ်ကိုင်လျက်ရှိတဲ့ အနုပညာရှင်တစ်လက်ပဲ ဖြစ်ပါတယ်။အခုလိုအချိန်မှာလည်း ဆက်တိုက်လိုအပ်တဲ့နေရာတွေကို တတပ်တအားပါဝင်လှူဒါန်းနေသူဆိုလည်း မမှားပါဘူးနော်။

လက်ရှိမှာလည်း ” ကျွန်တော် ထွန်းကိုကို နှင့် ထွန်းကိုကိုချစ်ကြသူများမှCOVID – 19 ရောဂါ စောင့်ကြည့်ကုသရေးအတွက်လိုအပ်နေသော ပစ္စည်းများကိုဝေဘာဂီဆေးရုံကြီး သို့သွားရောက်လှူ ဒါန်းခဲ့ပါခင်ဗျာအောက်စီမီတာ (၁၀) ခုအပူချိန်တိုင်းသာမိုမီတာ (၂) ခုသွေးပေါင်ချိန်စက် ကြီး(၂) လုံးသွေးပေါင်ချိန်စက် သေး (၁)လုံး လှူ ဒါန်းခဲ့ပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေခင်ဗျာ ” ဆိုကာလှူဒါန်းမှုပုံရိပ်တွေကိုဝေမျှခဲ့တာပါ။

နိုင်ငံကျော်မင်းသားတစ်လက်ဖြစ်ပေမယ့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှာလည်း အဖွဲ့ဝင်အဖြစ် ပရဟိတလုပ်ငန်တွေကိုလုပ်ကိုင်လျက်ရှိတဲ့ ထွန်းကိုကိုကတော့ အခုချိန်မှာလည်း Covid 19 ရောဂါသည်တွေထားရှိတဲ့ ဝေဘာဂီဆေးရုံသို့လှူတာဟာ တကယ့်အသုံးဝင်လှတဲ့ အလှူပါပဲနော်။ CeleConnections ပရိသတ်ကြီးလည်း ထွန်းကိုကိုရဲ့ မွန်မြတ်တဲ့အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။

Source : Yanpaing Tunko

Candy -CeleConnections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.