Five Stars အဖွဲ့က လူရွှင်တော်တစ်ယောက်ဖြစ်သလို၊ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အောင်သော်ကို လူကြီး၊ လူငယ်ပရိသတ်အားလုံးသိကြမယ် ထင်ပါတယ်။ အောင်သော်က လက်ရှိအနုပညာအလုပ်တွေ ရပ်နားထားချိန်မှာတော့ စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ် လုပ်အားပေးကူညီနေပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ အောင်သော်ကတော့ ငွေကြေးတစ်ပြားတစ်ချပ်မှမရရှိပေမယ့် သူတစ်ပါးအဆင်ပြေဖို့ကိုပဲ ရှေးရှုဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ အောင်သော်က Covid-19 ရောဂါပိုးကူးစက်ခံထားရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီနဲ့ ဦးဧရာတို့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို အခုလိုပဲ ပြောပြလာပါတယ်။ အောင်သော်က “ဆရာကိုဧရာရယ်၊ အဖေဦးမိုဒီရယ် နှစ်ယောက်လုံး ကျန်းမာရေးကောင်းပါတယ်ခင်ဗျာ။ စိုးရိမ်ရတဲ့အနေထားမှာ မရှိသေးပါဘူးခင်ဗျာ။ အားလုံးမေးနေကြလို့ တင်ပေးတာပါနော်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။
လူရွှင်တော်ကြီး ဦးမိုးဒီနဲ့ ဦးဧရာတို့ကတော့ အရင်ကတည်းက ရောဂါအခံတွေရှိပြီးသားမို့ အခုလို ကိုဗစ်ပိုးကူးစက်ခံခဲ့ရချိန်မှာ ပရိသတ်တွေက စိတ်ပူခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးမိုးဒီနဲ့ ဦးဧရာတို့ကတော့ စိုးရိမ်စရာမရှိပဲ နေကောင်းကျန်းမာနေတယ်လို့ အောင်သော်ကပြောထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Aung Thaw’s fb
zawgyi
Five Stars အဖြဲ႕က လူ႐ႊင္ေတာ္တစ္ေယာက္ျဖစ္သလို၊ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေအာင္ေသာ္ကို လူႀကီး၊ လူငယ္ပရိသတ္အားလုံးသိၾကမယ္ ထင္ပါတယ္။ ေအာင္ေသာ္က လက္ရွိအႏုပညာအလုပ္ေတြ ရပ္နားထားခ်ိန္မွာေတာ့ ေစတနာ့ဝန္ထမ္းတစ္ေယာက္အျဖစ္ လုပ္အားေပးကူညီေနၿပီး အမ်ားအက်ိဳးကို သယ္ပိုးေဆာင္႐ြက္ေပးေနတာပဲ ျဖစ္ပါတယ္။ ေအာင္ေသာ္ကေတာ့ ေငြေၾကးတစ္ျပားတစ္ခ်ပ္မွမရရွိေပမယ့္ သူတစ္ပါးအဆင္ေျပဖို႔ကိုပဲ ေရွးရႈေဆာင္႐ြက္ေပးေနတာပဲ ျဖစ္ပါတယ္။
ဒီကေန႔မွာေတာ့ ေအာင္ေသာ္က Covid-19 ေရာဂါပိုးကူးစက္ခံထားရတဲ့ လူ႐ႊင္ေတာ္ႀကီး ဦးမိုးဒီနဲ႔ ဦးဧရာတို႔ရဲ႕ လက္ရွိက်န္းမာေရးအေျခအေနကို အခုလိုပဲ ေျပာျပလာပါတယ္။ ေအာင္ေသာ္က “ဆရာကိုဧရာရယ္၊ အေဖဦးမိုဒီရယ္ ႏွစ္ေယာက္လုံး က်န္းမာေရးေကာင္းပါတယ္ခင္ဗ်ာ။ စိုးရိမ္ရတဲ့အေနထားမွာ မရွိေသးပါဘူးခင္ဗ်ာ။ အားလုံးေမးေနၾကလို႔ တင္ေပးတာပါေနာ္” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးလာပါတယ္။
လူ႐ႊင္ေတာ္ႀကီး ဦးမိုးဒီနဲ႔ ဦးဧရာတို႔ကေတာ့ အရင္ကတည္းက ေရာဂါအခံေတြရွိၿပီးသားမို႔ အခုလို ကိုဗစ္ပိုးကူးစက္ခံခဲ့ရခ်ိန္မွာ ပရိသတ္ေတြက စိတ္ပူခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဦးမိုးဒီနဲ႔ ဦးဧရာတို႔ကေတာ့ စိုးရိမ္စရာမရွိပဲ ေနေကာင္းက်န္းမာေနတယ္လို႔ ေအာင္ေသာ္ကေျပာထားတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Aung Thaw’s fb