Covid – 19 ရောဂါတိုက်ဖျက်ရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းပေးခဲ့တဲ့ စံရတီမိုးမြင့်

Posted on

မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချိုသာတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ စံရတီမိုးမြင့်ကတော့ အချိုးအစားကျတဲ့ ခန္တာကိုယ်အချိုးအစားနဲ့ ကြွေလောက်တဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်ကလည်း အမျိုးသားတွေသာမက မိန်းကလေးအချင်းချင်းပါ အားကျရလောက်တဲ့ သဘာဝအလှကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေကြားမှာ စံရတီမိုးမြင့်ရယ်လို့ နာမည်တစ်လုံးနဲ့ ကျော်ကြားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကပ်ရောဂါအခြေအနေတွေကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ စံရတီမိုးမြင့်က Covid – 19 ရောဂါတိုက်ဖျက်ရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။ စံရတီမိုးမြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid – 19 ရောဂါတိုက်ဖျက်ရေးကာလအတွင်း ကုသရေးလုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ သွားလာရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးကိစ္စများ အဆင်ပြေစေရန်အတွက် ပံ့ပိုးဆောင်ရွက်မည့် ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပြုအဖွဲ့ အတွက် အလှူငွေကျပ် (၃)သိန်းတိတိကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

စံရတီမိုးမြင့်ကတော့ ပြည်သူထဲက ပြည်သူတစ်ယောက်ပီပီ ကိုယ်ကျိုးစွန့်ပြီး အများပြည်သူ ကျန်းမာရေးအတွက် တာဝန်တွေအသီးသီးထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သူမတတ်နိုင်တဲ့ဘက်ကနေ ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: YRYEA’s fb

zawgyi




Source: YRYEA’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.