ဒါရိုက်တာတစ်ယောက် လည်းဖြစ်သလို၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ညိုမင်း လွင်ကတော့ အနုပညာနဲ့ ပက်သတ်လာရင် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ယောက်ပါ။ သဘာဝလွန်ရုပ်ရှင်ဇာတ်ကားတွေကို အများဆုံးရိုက်ကူးတဲ့ ညိုမင်း လွင်က ပြီးခဲ့တဲ့နှစ်ကလည်း “မြမြ” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ညိုမင်းလွင်က Covid-19 ပိုး နှစ်ကြိမ်တိတိကူးခံရတဲ့ မိဘနှစ်ယောက်အကြောင်းပြောပြရင်း မျက်စိလည်စရာကောင်းတဲ့ ရောဂါပိုးကူးစက်ပုံကို အခုလိုပဲ ပြောပြလာပါတယ်။
“Covid-19 နဲ့ပါတ်သ က်လို့ ကျွန်တော်က Facebook ပေါ်မှာ အမြဲတမ်းပေါ့ပေါ့ပါးပါးတွေပဲ ရေးပါတယ်၊ အဲဒီအခါမှာ တချို့ကလည်း ထင်ကြမှာပေါ့၊ ဒီကောင် ကိုယ်တိုင်မကြုံသေးလို့ ဒီလိုရေးနိုင်တာပါ ပေါ့လေ၊ ဟုတ်ကဲ့၊ ကျွန်တော့်အဖေရော အမေရော positive ပါ၊ November လက positive ဖြစ်တာ အခု အိမ်ပြန်ရောက်လို့ home quarantine ပြီးပြီး အပြင်တောင်လျှောက်သွားနေကြပါပြီ၊ Covid ကို သာမာန်တုပ်ကွေးထက်ပိုပြီး စိတ်ထဲမှာနေရာမပေးချင်လို့ တကူးတက post တွေ ဘာတွေ လည်း တင်မနေခဲ့ပါဘူး၊ ကျွန်တော်နဲ့က တစ်အိမ်စီနေကြတာဖြစ်လို့ ကျွန်တော်တို့မိသားစုကတော့ quarantine မဝင်လိုက်ရပါ၊ ဒါပေမယ့် အံ့ဩစရာကောင်းတာက ဖေဖေတို့မေမေတို့နဲ့တစ်အိမ်တည်းတူတူနေတဲ့ ကျွန်တော့်အဖိုး အသက် ၈၉ နှစ်က နှစ်ကြိမ်စစ်တာ နှစ်ကြိမ်လုံး negative ပါ၊ ”
“မေမေက အရင် positive ဖြစ်တဲ့ အခါမှာ ဖေဖေနဲ့အဖိုးနဲ့က အလုံမြို့နယ် Zealax Hotel မှာ hotel quarantine ဝင်ကြပါတယ်၊ အလုံပိတ် hotel အအေးခန်းထဲမှာ swabs test မယူခင် ၅ ရက်လုံးလုံး ဖေဖေနဲ့အဖိုးနဲ့တူတူရှိနေကြတာပါပဲ၊ အဖိုးရဲ့ဝေယျာဝစ္စတွေအကုန်လုံး ဖေဖေ ကပဲ အနီးကပ်လုပ်ပေးခဲ့တာပါပဲ၊ သားအဖနှစ်ယောက်တည်းရှိတဲ့အခန်းထဲမှာ mask လည်း ဘယ်သူမှမတပ်ထားကြပါဘူး၊ စစ်လည်းစစ်ရော အဖေက positive ဖြစ်ပြီး အဖိုးက negative ပါ၊ အဲဒီတော့ Covid နဲ့ပါတ်သက်ပြီး ကိုယ်တွေ့ သေသေချာချာပြောလို့ရလာတာတစ်ခုက ဘယ်လိုနေနေ၊ဘယ်လိုထိုင်ထိုင် ကူးချင်ရင်ကူးတယ်၊ မကူးချင်ရင်မကူးဘူး ဆိုတာပါပဲ၊ နောက်ရက်မှပဲ ဖေဖေနဲ့မေမေ Covid ကို ဘယ်လိုရင်ဆိုင်ခဲ့သလဲ ဆက်ရေးပြပါဦးမယ်၊ အရမ်းအကြောက်မလွန်ဖို့ အတွေ့အကြုံကို ပြန်လည်မျှဝေခြင်းသာဖြစ်ပြီး လုံးဝဂရုစိုက်စရာမလိုဘူး လို့တော့ တရားခံမရှာစေချင်ပါဘူး” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။
ညိုမင်းလွင်ကတော့ သူ့ရဲ့ဖခင်နဲ့ မိခင်တို့ ဒုတိယအကြိမ်မြောက် ကိုဗစ်ပိုးကူးစက်ခံခဲ့ရချိန်မှာ ကိုဗစ်ရောဂါပိုးကူးစက်ပုံရဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်ကို ပြောလာတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်ကြီးအားလုံး သတိရှိရှိနဲ့ နေထို င်ကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Nyo Min Lwin’s fb
zawgyi
Source: Nyo Min Lwin’s fb