” Covid 19 နဲ့ပတ်သက်ပြီး စနောက်လျက်ရှိကြတဲ့ လူတွေကို ဒဲ့ပြောလိုက်တဲ့ Ar -T “


 

 


 

 


 

 

Source : Ar-T

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်ကြီးရေ Ar-Tကတော့ ပရိသတ်ရင်ထဲကို ထိရှစေတဲ့ သီချင်းတွေကို ကိုယ်တိုင်သီဆိုကာ Music Video တွေကိုလည်း ကိုယ်တိုင်ပုံဖော်ကာ လူငယ်တွေအကြိုက် ရိုက်ကူးလေ့ရှိတဲ့သူတစ်ယောက်ပါ။ လတ်တလောထွက်ရှိခဲ့တဲ့ သူ့ရဲ့ music videoလေးတွေနဲ့ သီချင်းလေးတွေကို ပရိသတ်တွေကအထူးနှစ်ခြိုက်အားပေးနေကြတာပါ။

လက်ရှိဖြစ်ပွားလျက်ရှိတဲ့ Coronaဗိုင်းရပ်စ် Covid 19နဲ့ပတ်သက်ပြီး Ar-Tကလည်း တတ်နိုင်သလောက်ဆောင်ရန်ရှောင်ရန်တွေကို ပရိသတ်တွေသိအောင် ဝေမျှတိုက်တွန်းလျက်ရှိတဲ့ အနုပညာရှင်တွေထဲက တစ်ဦးပါပဲ။ ကိုယ်တိုင်ရှေ့ကဦးဆောင်ကာ အိမ်ထဲနေနေကြောင်း ကိုလည်း ပရိသတ်တွေကို ပြောပြထားတာပါနော်။

ဒီနေ့မနက်မှာလည်း” သတင်းအမှန်တွေက ကောလဟာလသတင်းတွေကြား ရောပြီးပျောက်နေပါတယ်ဆိုမှ positive လူနာ နေရာစုံ မြို့စုံကနေတွေ့တဲ့ List ပါဆိုပြီးတင်ကြတာ အောက်ဆုံးမှာ ချစ်သူ List တဲ့ … အခုချိန်မှာ information အစစ်အမှန်တွေကို Share ပေးရမယ့်အချိန်ပါ .. social media မသုံးတဲ့သူ မသုံးတတ်တဲ့သူ Health knowledge မရှိတဲ့သူတွေကို educate လုပ်ပေးရမယ့်အချိန်လေ .. ဘာလို့များအဲ့လို ဟာသတွေတင်နေ share နေကြတာလဲစဉ်းစားလို့ကိုမရဘူး ..This is not a good time for joking around People Behave ” ဆိုတဲ့ စာလေးနဲ့ Covid 19 နဲ့ပတ်သက်ပြီး စနောက်လျက်ရှိကြတဲ့ လူတွေကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော Ar -T နဲ့ အတွေးချင်းတူရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.