Covid – 19 နဲ့ ပက်သတ်ပြီး ပရိသတ်တွေလိုက်နာချင်အောင် ချစ်စဖွယ်အမူအရာလေးနဲ့ သတိပေးထားတဲ့ ပိုးမမှီသာ


 

 


 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ရောဂါကြောင့် ဒေါက်တာမလေး ပိုးမမှီသာက အနားမယူနိုင်သေးပဲ အလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒေါက်တာမလေး ပိုးမမှီသာက ဒီနေ့မှာတော့ သူမရဲ့ ပရိသတ်တွေ Covid – 19 နဲ့ ပက်သတ်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာကြရန် ပုံလေးတွေနဲ့ တကွ အသိပေးထားပါတယ်။

ပိုးမမှီသာက လက်ကိုစင်ကြယ်စွာဆေးဖို့၊ လူစုလူဝေးကို ရှောင်ကျဉ်ပြီး အိမ်မှာနေဖို့၊ သတင်းအမှားတွေကို မယုံကြည်ဖို့၊ သက်ဆိုင်ရာက ကြော်ငြာတဲ့ သတင်းတွေကိုသာ ယုံကြည်ဖို့နဲ့ (၁၄) ရက်တာ စောင့်ကြည့်ကုသဖို့ လိုအပ်ပါက လိုက်နာနိုင်ကြဖို့ ပြောထားတာပဲ ဖြစ်ပါတယ်။

ပိုးမမှီသာရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေကြောင့် ပြည်သူတွေနဲ့ လိုက်နာချင်စိတ်တွေ တဖွားဖွား ဖြစ်လာမယ် ထင်ပါတယ်။ ပရိသတ်ကြီးကလည်း ဆရာဝန်တွေကို ကူညီသောအားဖြင့် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြပါနော်။

Source: Poe Mamhe Thar’s fb

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.